မိုင်းငေါ့တွင် လက်ဖက်ခူးနေသည့် အမျိုးသမီးတစ်ဦး တူမီးသေနတ်ဖြင့် ပစ်ခတ်ခံရ၍ ဒဏ်ရာ (၆) ချက်ရရှိ

မိုင်းငေါ့တွင် လက်ဖက်ခူးနေသည့် အမျိုးသမီးတစ်ဦး တူမီးသေနတ်ဖြင့် ပစ်ခတ်ခံရ၍ ဒဏ်ရာ (၆) ချက်ရရှိ

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့၊ ကွန်ကောက်ကျေးရွာအုပ်စုတွင်၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်နေ့ နံနက်ပိုင်းက လက်ဖက်ခူးနေသည့် အမျိုးသမီးကြီးတစ်ဦးမှာ တူမီးသေနတ်ဖြင့် ပစ်ခတ်ခံရ၍ ဒဏ်ရာ (၆) ချက် ရရှိသွားသဖြင့် တိုက်နယ်ဆေးရုံမှတစ်ဆင့် ခရိုင်ပြည်သူ့ဆေးရုံသို့ လွှဲပို့ကုသပေးနေရသည်။

မိုင်းငေါ့မြို့၊ ကွန်ကောက်ကျေးရွာအုပ်စု၊ အောက်ဈေးကျေးရွာမှ အသက် (၅၅) နှစ်အရွယ် ဒေါ်အေးလွမ်းသည် ဇန်နဝါရီလ (၇) ရက်၊ နံနက် (၉) နာရီခန့်က ကျေးရွာရှိ ၎င်းပိုင်ဆိုင်သော လက်ဖက်ခင်းအတွင်း လက်ဖက်ခူးနေစဉ် အမျိုးသားတစ်ဦးရောက်လာပြီး  တူမီးသေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ဒေါ်အေးလွမ်းတွင် ဘယ်ဖက်ပေါင်၌ ဒဏ်ရာ (၂) ချက်၊ ဝမ်းဗိုက်တွင် ဒဏ်ရာ (၂) ချက်၊ လက်ပြင်တွင် ဒဏ်ရာ (၂) ချက် ရရှိသွားသဖြင့် မိုင်းငေါ့မြို့ တိုက်နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးပြီးနောက် ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံသို့ ပြောင်းရွှေ့ကုသမှုပေးထားသည်ဟု သိရသည်။ 

Tachileik News Agency

သတင်း - နေဖြိုးမြင့်

နေဖြိုးမြင့်သည် Tachileik News Agency ၏ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် အကြီးတန်း...