အာဏာသိမ်းစစ်တပ်က  ကိုးကန့်MNDAA တပ်စခန်းကို ဒရုန်းများအသုံးပြု၍ ထောက်လှမ်းနေ

အာဏာသိမ်းစစ်တပ်က  ကိုးကန့်MNDAA တပ်စခန်းကို ဒရုန်းများအသုံးပြု၍ ထောက်လှမ်းနေ
By Tachileik News Agency

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသတွင် တိုက်ခိုက်နေသည့် အာဏာသိမ်းစစ်တပ်က မုံးကိုးခရိုင်ရှိ ကိုးကန့် MNDAA တပ်စခန်းနေရာများအား ဒရုန်းများဖြင့် ထောက်လှမ်းနေသည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် မုံးကိုးခရိုင်အတွင်း ပိုမိုလှုပ်ရှားလာပြီး ယမန်နေ့က ဒရုန်း (၁၀) စီးဖြင့် ထောက်လှမ်းနေကြောင်း သိရသည်။

ယမန်နေ့က တိုက်ပွဲများမရှိသော်လည်း အာဏာသိမ်းစစ်တပ်က ကိုးကန့် MNDAA ၏ မုံးကိုးခရိုင်တွင်းမှ တပ်စခန်းဘက်ကို လက်နက်ကြီး အချက်ရေ (၅၀) ဝန်းကျင်ပစ်ခတ်တိုက်ခိုက်သဖြင့် ကိုးကန့်ဘက်မှ (၁) ဦးထိခိုက်သည်ဟု သိရသည်။

ရှမ်းပြည်နယ်အတွင်း ကိုးကန့် MNDAA ကို အာဏာသိမ်းစစ်တပ်က တိုက်ခိုက်နေပြီး နေ့စဉ်နီးပါးတိုက်ပွဲများဖြစ်ပွားနေကာလက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကို  ဆက်တိုက်ပြုလုပ်နေသည့်အပြင် ထောက်လှမ်းရေးဒရုန်းများ အသုံးပြုနေသည့် အာဏာသိမ်းတပ်၏ သတင်းထုတ်ပြန်ရေးက ကိုးကန့်တိုက်ပွဲများတွင် MNDAA က လက်နက်အင်အားများစွာအသုံးပြုနေသည်ဟု ဆိုထားသည်။

အာဏာသိမ်းစစ်တပ်သည် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် တိုက်ခိုက်မှုအပြင် ဒေသကာကွယ်ရေးအဖွဲ့ငယ်များဖြင့် တိုက်ခိုက်ရာတွင်လည်း လက်နက်ကြီးများ၊ ထောက်လှမ်းရေးဒရုန်းများ၊ စစ်ရဟတ်ယာဉ်များကို အသုံးပြုတိုက်ခိုက်နေခြင်းဖြစ်သည်။