အသက်ငယ်ရွယ်ပြီး အဝလွန်နေသူများ အသက်အရွယ်ကြီးသူများနည်းတူ Covid-19 ရောဂါကို ပြင်းထန်စွာ ခံစားရနိုင်

အသက်ငယ်ရွယ်ပြီး အဝလွန်နေသူများ အသက်အရွယ်ကြီးသူများနည်းတူ Covid-19 ရောဂါကို ပြင်းထန်စွာ ခံစားရနိုင်
ဇန်နဝါရီ 5, 2021 | Covid-19| နိုင်ငံတကာသတင်း

အသက်ငယ်ရွယ်သော်လည်း အဝလွန်နေသူများအနေဖြင့် အသက်အရွယ်ကြီးသူများနည်းတူ COVID 19 ရောဂါကို ပြင်းထန်စွာခံစားရနိုင်သည်ဟု ချူလာလောင်ကွန်းဆေးရုံ ကူးစက်ရောဂါဌာနအကြီးအကဲက ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့၌ သတိပေးပြောကြားထားသည်။

အသက်အရွယ် ငယ်ရွယ်သော်လည်း အဝလွန်နေသူများအနေဖြင့် အဆုတ်နှင့် T cell immune လုပ်ဆောင်ချက်များကို ကျဆင်းစေသဖြင့် COVID 19 ရောဂါကို အသက်အရွယ်ကြီးရင့်သူများနည်းတူ ပြင်းထန်စွာ ခံစားရနိုင်သည့်အခြေအနေတွင်ရှိနေသည်ဟု ဆိုသည်။

အမေရိကန်ပြည်ထောင်စု အမျိုးသားသိပ္ပံအကယ်ဒမီတွင် COVID 19 လူနာများအား လေ့လာတွေ့ရှိချက်အရ BMI (body mass index) ၃၅ အထက်ရှိသူများမှာ အခြားသူများထက် ရောဂါပြင်းထန်စွာခံစားရသည်ကို တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

Source: the Nation

 

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။