မကွေးတိုင်းအတွင်း ကိုဗစ်လူနာ (၂)ဦးသေဆုံး၍ ကိုဗစ်ကြောင့် သေဆုံးသူ (၁၂)ဦးအထိ ရှိလာ

မကွေးတိုင်းအတွင်း ကိုဗစ်လူနာ (၂)ဦးသေဆုံး၍ ကိုဗစ်ကြောင့် သေဆုံးသူ (၁၂)ဦးအထိ ရှိလာ

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံ၌ ကုသမှုခံယူနေသည့် ကိုဗစ်လူနာ (၂) ဦး သေဆုံးသွားသဖြင့် ကိုဗစ်ကြောင့် သေဆုံးသူ စုစုပေါင်း (၁၂) ဦးအထိရှိလာပြီဖြစ်ကြောင်း သိရသည်။



ဒီနေ့ တိုင်းဆေးရုံမှာ တက်ရောက်ကုသမှုခံယူနေတဲ့ ပိုးတွေ့လူနာ (၂) ဦး သေဆုံးသွားပါတယ်။ တစ်ဦးက မြို့သစ်မြို့နယ်က အသက် (၃၃) နှစ်အရွယ်အမျိုးသားဖြစ်ပြီး အသည်းအားနည်းရောဂါ၊ ဦးနှောက်အ မြှေးရောင်ရောဂါ၊ အဆုတ်ရောင်ရောဂါနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာစနစ်ပျက်စီးပြီး သေဆုံးရ တာပါ။ အောင်လံမြို့နယ်က အသက် (၄၆) နှစ်အရွယ် အမျိုးသမီးကတော့ ဆီးချိုရောဂါ၊ ကျောက်ကပ် အားနည်းရောဂါနဲ့ အဆုတ်ရောင်ရောဂါအခံနဲ့ သေဆုံးသွားတာဖြစ်ပါတယ်

ဟု  မကွေးတိုင်းပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။



မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်အတည်ပြုလူနာများ နေ့စဉ်ထပ်တိုးလာနေပြီး ဒေသတွင်းကူးစက်မှုအဖြစ်တွေ့နေရသဖြင့် ကိုဗစ်ကာကွယ်ရေးလမ်းညွှန်ချက်များကို လိုက်နာနေထိုင်ကြရန် ကျန်းမာရေးဌာနက တိုက်တွန်းအကြံပြုထားသည်။



မကွေးတိုင်းဒေသကြီးအတွင်း ဇန်နဝါရီလ (၂၂) ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်ထိ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း (၃၀၉၇)ဦးတွေ့ရသည့်အနက် ကုသမှုခံယူဆဲ အတည်ပြုလူနာ (၂၄၂)ဦး ရှိနေကြောင်း သိရသည်။

Tachileik News Agency

သတင်း - ဖီးနစ်

ဖီးနစ်သည် Tachileik News Agency ၏ မကွေးတိုင်းဒေသကြီးအတွင်းအခြေစိုက်သည့် အကြီးတန်းသတင်းထောက်...