ကျောက်မဲမြို့ပေါ် နှင့် နောင်ပိန်တို့တွင် ဇူလိုင်လ(၆)ရက်နေ့ တစ်နေ့တည်း Covid-19 အတည်ပြုလူနာ (၁၅)ဦးတွေ့

ကျောက်မဲမြို့ပေါ် နှင့် နောင်ပိန်တို့တွင် ဇူလိုင်လ(၆)ရက်နေ့ တစ်နေ့တည်း Covid-19 အတည်ပြုလူနာ (၁၅)ဦးတွေ့
ဇူလိုင် 6, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ( ၆ ) ရက်တွင် COVID 19 ပိုးတွေ့လူနာ (၁၅) ဦးထပ်တိုးလာပြီး  မြို့ပေါ်ရပ်ကွက်မှ ( ၁၁ ) ဦးနှင့် နောင်ပိန်ကျေးရွာမှ ( ၄ ) ဦးတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

COVID 19 ပိုးတွေ့သူများနှင့် ထိစပ်မှုရှိသည့် နောင်ပိန်ကျေးရွာမှ (၆)ဦးအား စစ်ဆေးခဲ့ရာ ( ၄) ဦးတွင် ကူးစက်နေသည်ကိုတွေ့ရခြင်းဖြစ်ပြီး ကျောက်မဲမြို့ပေါ်မှ အနံ့ပျောက်သူ၊ ဖျားနာသူ၊ ထိတွေ့မှုရှိသူများကို စစ်ဆေးရာ COVID 19 အတည်ပြုလူနာ (၁၁)ဦးထပ်တိုးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အတွင်း အတည်ပြုလူနာ (၉၇) ဦးအထိ တိုးလာပြီဖြစ်ရာ ခရိုင်ပြည်သူ့ဆေးရုံတွင် COVID 19 ကုသဆောင် ( ၂ ) ခု ပြုလုပ်ထားရကြောင်း သိရသည်။

 

ထို့ပြင် ပိုးတွေ့လူနာများပြားလာချိန်တွင် မြို့ပေါ်၌ ရောင်းချနေကြသည့် COVID 19 ကာကွယ်ရေး အသုံးပြု ပစ္စည်းများဖြစ်သည့် Mask၊ Face Shield နှင့် Oxygen စသည်တို့လည်း ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။