ဖွဲ့စည်းပုံပြင်ဆင်ရေးကြိုးပမ်းရန် အပါအဝင် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၅)ချက်ဖြင့် နိုင်ငံတော်သမ္မတ တိုက်တွန်း

ဖွဲ့စည်းပုံပြင်ဆင်ရေးကြိုးပမ်းရန် အပါအဝင် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၅)ချက်ဖြင့် နိုင်ငံတော်သမ္မတ တိုက်တွန်း
ဇန်နဝါရီ 4, 2021 | နိုင်ငံရေး

(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် နိုင်ငံသားအားလုံး တရားမျှတမှုကို တန်းတူရည်တူ ရရှိခံစားစေရေးအပါအဝင် အချက်(၅)ချက်ကို လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များအဖြစ် တိုက်တွန်းထားသည်။



ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို တိုင်းရင်းသားအားလုံး စုပေါင်းအင်အားဖြင့် ကာကွယ်စောင့်ရှောက်ရေး၊ နိုင်ငံသားအားလုံး လူမှုဆက်ဆံရေး တရားမျှတမှု၊ စီးပွားရေးတရားမျှတမှု၊ နိုင်ငံရေးတရားမျှတမှု၊ အဆင့်အတန်းညီမျှမှု၊ အခွင့်အလမ်းညီမျှမှု၊ တရားဥပဒေရေးရာညီမျှမှုတို့ကို တန်းတူရည်တူရရှိခံစားရေး၊ စစ်မှန်သောဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်စေရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ရေး၊ ပြည်ထောင်စုကြီး ထာဝရတည်တံ့ရေးအတွက် ပြည်ထောင်စုစိတ်ဓာတ်မွေးမြူ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် နိုင်ငံဘက်စုံဖွံံ့ဖြိုးတိုးတက်စေရန် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်၍ ပြည်သူတစ်ရပ်လုံး ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို အစိုးရ၊ ပြည်သူလူထုအားလုံးပါဝင်ပြီး စုပေါင်းအားဖြင့် ရင်ဆိုင်ကျော်လွှားရေးတို့ကို လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များအဖြစ် နိုင်ငံတော်သမ္မတက တိုက်တွန်းထားသည်။

  Tachileik News Agency