ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်သားများစီးလာသည့် မြေသည်ကား ပစ်ခတ်ခံရကာ သေဆုံးသူရှိ

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်ယာဉ်တစ်စီးအား ယမန်နေ့ ဩဂုတ်လ (၃)ရက်နေ့ ညနေပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Dawei Guerrilla Revolution Forceက သတင်းထုတ်ပြန်ထားသည်။

မောင်မယ်ရှောင်ကျေးရွာအနီး ရေး-ထားဝယ်ကားလမ်းမပေါ်တွင် ရေဖြူဘက်မှ မြေသည်ယာဉ်နှင့် ဆင်းလာသည့် စစ်ကောင်စီတပ်အား Dawei Guerrilla Revolution Forceတပ်ခွဲ(၂)က အသင့်စောင့်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၅)ဦးသေဆုံးပြီး အများအပြားဒဏ်ရာရကာ Dawei Guerrilla Revolution Force တပ်ခွဲ(၂)မှလည်း ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Video :Dawei Guerrilla Revolution Force