မော်လမြိုင်-ကျိုက်မရောကားလမ်းရှိ အကျဉ်းထောင်သစ်ကို တော်လှန်ရေးတပ်များ ဒရုန်းဖြင့်တိုက်ခိုက်

မွန်ပြည်နယ်၊ မော်လမြိုင်-ကျိုက်မရောကားလမ်းဘေးရှိ အသစ်ထပ်မံဆောက်လုပ်လျက်ရှိသော အကျဥ်းထောင်အား ပြီးခဲ့သည့် ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၄)ရက်နေ့တွင် Lion Battalion Commando-ဗျူဟာစစ်ကြောင်း တပ်ခွဲ(၂)နှင့် ဂဠုန်စစ်ကြောင်းတို့က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကျဉ်းထောင်ကို ဒရုန်ဖြင့် ဗုံးသီး(၃)လုံးချ တိုက်ခိုက်ခဲ့ရာ အကျဥ်းထောင်ရှိ ဗဟိုကင်းအနောက်ဘက်နှင့် (၃)ထပ်ဆောင် ဗဟိုကင်းအပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အမိုး၊ မျက်နှာကျက်နှင့် မှန်များ ပျက်ဆီးခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်ကျဆုံးမှု ရှိ၊မရှိကိုမူ မသိရသေးပါ။ ၎င်းအကျဥ်းထောင်သည် ၂၀၂၂ ခုနှစ်မှ စတင်ဆောက်လုပ်နေသော အကျဥ်းထောင်ဖြစ်ပြီး မော်လမြိုင်အကျဥ်းထောင်ကြီးမှာ အကျဥ်းသားဦးရေများသဖြင့် ခွဲထားရန် စီစဥ်ဆောက်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

မော်လမြိုင်မြို့တွင် အကျဥ်းထောင်များတိုက်ခိုက်ခံရမှုမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဒရုန်းစစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း Lion Battalion Commando-ဗျူဟာစစ်ကြောင်းက ယနေ့ အောက်တိုဘာလ (၁၆)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Video : Lion Battalion Commando Special Forcesဗျူဟာစစ်ကြောင်း