စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဘုရားတည်ရန် ကျောက်ထုတ်သည့် စကျင်မြို့ရွာကို PDFများဝင်ရောက် ပျူစောထီးများ ထွက်ပြေး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ စစ်ကောင်စီတပ်ထိန်းချုပ်ရာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဘုရားအတွက် စကျင်ကျောက်ထုတ်လုပ်ရာ စကျင်မြို့ရွာကို ဒေသကာကွယ်ရေးတပ်ဖြစ်သည့် ရွှေဘိုခရိုင် အမှတ်(၁၇)တပ်ရင်း တောကြီးမြွေပွေးတပ်ဖွဲ့က ၂၀၂၃ခုနှစ် ဩဂုတ်လ (၅)ရက်နေ့တွင် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

တောကြီးမြွေပွေးတပ်ဖွဲ့ ဝင်ရောက်ခဲ့သည့် စကျင်မြို့ရွာသည် အာဏာသိမ်းစစ်ခေါင်းဆောင်၏ မာရဝိဇယဆင်းတုတော်အတွက် စကျင်ကျောက်များ ထုတ်ပေးသည့်ရွာဖြစ်ပြီး မတ္တရာမြို့အနီးတွင်ရှိသည်ဟု သိရသည်။

"ဒီမြို့ရွာမှာ PDF မရှိဘူး။ ပကဖမရှိဘူး။ စစ်တပ်ထိန်းချုပ်နယ် မြေဖြစ်လို့ ဝင်တာပါ။ ကျွန်တော်တို့ဝင်တော့ စစ်ကောင်စီတပ်တွေ လည်းမလာဘူး။ သူတို့ရှိတဲ့ ပျူတွေလည်း ထွက်ပြေးကြတယ်။ သေရဲတဲ့ကောင်ထွက်ခဲ့ဆိုပြီး လမ်းထွက်မေးပါဦးလားလို့ မေးချင်တယ်။"ဟု တောကြီးမွေပွေးအဖွဲ့မှ ဗိုလ်တီက Tachileik News Agencyကိုပြောသည်။

၎င်းတပ်ဖွဲ့သည် စစ်မှန်သည့် ဒီမိုကရေစီတွက် တိုက်ပွဲဝင်ခြင်းဖြစ်ပြီး ပုဂ္ဂိုလ်ရေးရာများ စိတ်မဝင်စားဘဲ ဒီမိုကရေစီရသည့်နေ့တွင် လက်နက်များကို စွန့်မည်ဟု ဆိုသည်။

#TachileikNewsAgency

Video : ဗိုလ်တီ