ကန့်ဘလူမြို့နယ် ဇီးကုန်းရဲစခန်းကို PDFများ ဝင်ရောက်ပစ်ခတ် 

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ရှိ ဇီးကုန်းရဲစခန်းကို ၂၀၂၃ခုနှစ် ဇူလိုင်လ (၅)ရက်နေ့တွင် PDFပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ရုပ်သံအား Armed Revolutionary Force-KUက ထုတ်ပြန်လာသည်။

တိုက်ခိုက်မှုရုပ်သံကို ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၇)ရက်နေ့တွင် ထုတ်ပြန်လာခြင်းဖြစ်ပြီး တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိခဲ့သည်ဟု သိရသည်။

ဇီးကုန်းတိုက်နယ်သည် စစ်ကောင်စီတပ် စိုးမိုးထားရာနယ်မြေဖြစ်ပြီး ဇီးကုန်းရွာ၏ အရှေ့ဘက် တစ်မိုင်ခွဲအကွာတွင်လည်း စစ်ကောင်စီတပ် အထိုင်စခန်းဖြစ်သော ဇီးကုန်းသကြားစက်နှင့် နီးနေခြင်းကြောင့် တော်လှန်ရေးအင်အားစုများ ဝင်ထွက်လှုပ်ရှားရခက်ခဲသည့် နယ်မြေဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Video :Armed Revolutionary Force-KU