ရန်ကုန်ရောက်မှ အတည်ပြုလူနာ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသူနှင့် ထိတွေ့မိသူ တောင်ကြီးမြို့က အမျိုးသမီးတစ်ဦးတွင် Covid-19 တွေ့

ရန်ကုန်ရောက်မှ အတည်ပြုလူနာ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသူနှင့် ထိတွေ့မိသူ တောင်ကြီးမြို့က အမျိုးသမီးတစ်ဦးတွင် Covid-19 တွေ့
သြဂုတ် 29, 2020
By Tachileik News Agency
ရန်ကုန်ရောက်မှ အတည်ပြုလူနာ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသူနှင့် ထိတွေ့မိသူ တောင်ကြီးမြို့က အမျိုးသမီးတစ်ဦးတွင် Covid-19 တွေ့
 ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့တွင် နေထိုင်ပြီး ရန်ကုန်မြို့ရောက်မှ Covid-19 ပိုးတွေ့ရသည့် အတည်ပြုလူနာတစ်ဦးဖြစ်သူ Cass 477 နှင့် ထိတွေ့မိခဲ့သည့် တောင်ကြီးမြို့မှ အမျိုးသမီးတစ်ဦးတွင် Covid-19 တွေ့ရှိရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ၂၀၂၀ခုနှစ် ဩဂုတ်လ(၂၉)ရက်နေ့ နံနက်ပိုင်းက သတင်းထုတ်ပြန်ထားရှိသည်။
အတည်ပြုလူနာတစ်ဦးဖြစ်သူ Cass 477 သည် အတည်ပြုလူနာနှင့်ထိတွေ့ခဲ့သူလည်း မဟုတ်သလို ပြည်ပခရီးသွားရာဇဝင်လည်း ရှိထားသူမဟုတ်ကြောင်းနှင့် ၎င်းသည် တောင်ကြီးမြို့မှ နေ၍ ရန်ကုန်မြို့သို့သွားရောက်ပြီးနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ခံထားရပြီး Covid-19 ဓါတ်ခွဲစစ်ဆေးရာမှ ဩဂုတ်လ(၂၅)ရက်နေ့က စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
ယခုအခါတွင် ၎င်းနှင့် ထိတွေ့သည်ဟု သိထားရ၍ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် Quarantine ထားရှိသူ အသက် (၄၂)နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးတွင် Covid-19 တွေ့ရှိရခြင်း ဖြစ်ပြီး ၎င်းအား တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံကြီး၌ ကုသမှုခံရမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့မှ ဩဂုတ်လ(၂၉)ရက်နေ့ နံနက်ပိုင်းအချိန်အထိ Covid-19 ကူးစက်ခံရသူ စုစုပေါင်း (၆၅၆)ဦးအထိ ရှိနေပြီဖြစ်ကြောင်း နှင့် ဩဂုတ်လ(၁၆)ရက်နေ့က စတင်ကာ ဩဂုတ်လ(၂၉)ရက်နေ့အထိ  Covid-19 ပြည်တွင်းကူးစက်သူ (၂၀၀)ကျော်အထိ ရှိလာကြောင်း သိရသည်။
Tachileik News Agency
 

 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~