ကယားပြည်နယ် လွိုင်ကော်မြို့အဝင်တွင် ကုန်တင်ယာဉ်နှင့် ယာဉ်နောက်လိုက်တို့၌ COVID 19 တွေ့ရ၍ အတည်ပြုလူနာ စုစုပေါင်း (၇)ဦးအထိ ရှိလာ

ကယားပြည်နယ် လွိုင်ကော်မြို့အဝင်တွင် ကုန်တင်ယာဉ်နှင့် ယာဉ်နောက်လိုက်တို့၌ COVID 19 တွေ့ရ၍ အတည်ပြုလူနာ စုစုပေါင်း (၇)ဦးအထိ ရှိလာ
အောက်တိုဘာ 26, 2020
By Tachileik News Agency
ကယားပြည်နယ် လွိုင်ကော်မြို့အဝင်တွင် ကုန်တင်ယာဉ်နှင့် ယာဉ်နောက်လိုက်တို့၌ COVID 19 တွေ့ရ၍ အတည်ပြုလူနာ စုစုပေါင်း (၇)ဦးအထိ ရှိလာ 
ကယားပြည်နယ်၊ လွိုင်ကော်မြို့အဝင်ရှိ ယာယီကုန်တင်ယာဉ်ရပ်နားစခန်းမှ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်နေ့၌ RDT ဖြင့်စစ်ဆေးရာ ယာဉ်မောင်းတစ်ဦးနှင့် ယာဉ်နောက်လိုက်တစ်ဦး၌ COVID 19 ပိုးတွေ့ရကြောင်း သိရသည်။
"ခုစစ်ဆေးချက်တွေအရ ပိုးတွေ့တာ (၂) ဦးပါ။ နှစ်ယောက်လုံးကိုတော့ လွိုင်ကော်ဆေးရုံကို ပို့ထားပါပြီ။ တစ်ယောက်ကတော့ ရန်ကုန်က၊ တစ်ယောက်ကတော့ မသိသေးဘူး။ ကျန်တာတော့ မသိရသေးပါဘူး။ ကျွန်တော့်ဆီ report မရောက်လာသေးလို့ပါ။ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ကျန်းမာရေးမှူးကတော့ သတင်းအချက်လက်တွေသွားယူနေပါတယ်။"ဟု ကယားပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လွိုင်ကော်မြို့အဝင်ရှိ ဝါရီကောခူကျေးရွာ၊ အထက(ခွဲ) ကျောင်းဝန်းတွင် ဖွင့်လှစ်ထားသော ယာယီ ကုန်တင်ယာဉ်ရပ်နားစခန်းရှိ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၁၀၀) ကျော်အား RDT ဖြင့် စစ်ဆေးရာမှ ပိုးတွေ့သူ (၂) ဦး တွေ့ရခြင်းဖြစ်သည်။
လက်ရှိတွင် အဆိုပါ အတည်ပြုလူနာ (၂) ဦးနှင့် ထိတွေ့မှုရှိသူများစာရင်းရရှိနိုင်ရန် ခရီးသွားရာဇဝင် မေးမြန်းခြင်းကို လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။
ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်နယ်စပ်ရှိ လွိုင်ကော်မြို့နယ် ဝါရီကောခူကျေးရွာတွင် ယာယီဖွင့်လှစ်ထားသည့် ကုန်တင်ယာဉ်ရပ်နားစခန်းတွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား RDT ဖြင့် စစ်ဆေးပေးနေရာ အောက်တိုဘာလ (၂၄)ရက်နေ့အထိ ကုန်တင်ယာဉ်အစီးရေ (၆၀၈)စီးနှင့် လူဦးရေ (၉၁၂) ဦးအား စစ်ဆေးထားပြီးဖြစ်ကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - ဆန်းဖြိုးထွန်း
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~