တာချီလိတ်မြို့အဝင်ရှိ Covid-19 စစ်ဆေးရေးဂိတ်များကို ရှောင်ကွင်းပြီး မြို့ထဲကို ဝင်လာသူများတွေ့ရှိပါက သက်ဆိုင်ရာကို အကြောင်းကြားနိုင်

တာချီလိတ်မြို့အဝင်ရှိ Covid-19 စစ်ဆေးရေးဂိတ်များကို ရှောင်ကွင်းပြီး မြို့ထဲကို ဝင်လာသူများတွေ့ရှိပါက သက်ဆိုင်ရာကို အကြောင်းကြားနိုင်
အောက်တိုဘာ 26, 2020
By Tachileik News Agency
တာချီလိတ်မြို့အဝင်ရှိ Covid-19 စစ်ဆေးရေးဂိတ်များကို ရှောင်ကွင်းပြီး မြို့ထဲကို ဝင်လာသူများတွေ့ရှိပါက သက်ဆိုင်ရာကို အကြောင်းကြားနိုင်
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့အဝင် Covid-19 စစ်ဆေးပေးတဲ့နေရာဖြစ်တဲ့ မယ်ယန်းဂိတ်မှာ မနက် (၆) နာရီကနေ ည(၁၂) နာရီအထိ ဝင်ရောက်လာတဲ့သူတွေကို ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး မနက် (၄) နာရီကျော်အချိန်မှာ ဝင်ရောက်လာမယ့်ကားတွေအတွက် စာရင်းကောက်ယူမှုတွေကို စနစ်တကျလုပ်ဆောင်ထားတယ်လို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
မြို့အဝင် စစ်ဆေးရေးဂိတ်တွေကနေ ရှောင်ကွင်းပြီးဝင်ရောက်လာသူတွေရှိနိုင်တဲ့အတွက် တာချီလိတ်ဒေသခံတွေအနေနဲ့ မိမိပတ်ဝန်းကျင်မှာ တစ်ခြားဒေသက ဝင်ရောက်လာသူတွေရှိရင် သက်ဆိုင်ရာကို အကြောင်းကြားပေးဖို့လိုတယ်လို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
တာချီလိတ်မြို့ကို ကျိုင်းတုံဘက်က ဝင်ရောက်လာတဲ့သူတွေအတွက် မယ်ယန်းကျန်းမာရေးစစ်ဆေးရေးစခန်း၊ မိုင်းတုံ၊ မိုင်းဆတ်မြို့ဘက်က ဝင်ရောက်လာသူတွေအတွက် လွယ်တော်ခမ်းနဲ့ ဟွေရဲဂိတ်တို့မှာ ကျန်းမာရေးစစ်ဆေးရေးစခန်းတွေ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။
  Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~