ဖယ်ခုံနှင့် မိုးဗြဲတို့တွင် လကုန်ပိုင်းကစပြီး အာဏာသိမ်း စစ်အုပ်စု၏ ထုတ်ကုန်များကို ရောင်းဝယ်ဖောက်ကားခြင်း မပြုလုပ်ရန် ဖယ်ခုံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေး

ဖယ်ခုံနှင့် မိုးဗြဲတို့တွင် လကုန်ပိုင်းကစပြီး အာဏာသိမ်း စစ်အုပ်စု၏ ထုတ်ကုန်များကို ရောင်းဝယ်ဖောက်ကားခြင်း မပြုလုပ်ရန် ဖယ်ခုံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေး
ဖေဖော်ဝါရီ 3, 2022 | ရှမ်းတောင်

ရှမ်း - ကယားနယ်စပ်ဒေသ၊ ဖယ်ခုံမြိုနယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် အာဏာသိမ်း စစ်အုပ်စု၏  ထုတ်ကုန် အရက်၊ ဘီယာ၊ ဆေးလိပ်များ တင်သွင်း၊ ရောင်းချခြင်း မပြုလုက်ရန် ယနေ့ ဖေဖော်ဝါရီလ(၃)ရက်တွင် ဖယ်ခုံ PDF က ထုတ်ပြန် တားမြစ်လိုက်သည်။

အာဏာသိမ်း စစ်အုပ်စု၏ ထုတ်ကုန်များကို ဖေဖော်ဝါရီလ(၂၈)ရက်က စတင်ပြီး ထပ်မံတင်သွင်း၊ ရောင်းဝယ်ခြင်းများ လုံးဝ မပြုလုပ်ကြရန် ထုတ်ပြန် သ တိပေးထားသည်။

ယင်းထုတ်ကုန်များမှာ Army Rum၊ အက်ဒမန်ဘီယာနှင့် အရက်၊  Black Shield ဘီယာနှင့် အရက်၊ မြန်မာဘီယာ၊ မန္တလေးဘီယာ၊ Red Ruby ဆေးလိပ်၊ Premium Gold ဆေးလိပ်၊ ရွှေဖီဦးလဖက်ရည်ထုပ်တို့ဖြစ်သည်။

တားမြစ်ချက်ပါ အာဏာသိမ်း စစ်အုပ်စု၏ ထုတ်ကုန်များကို ဖယ်ခုံ၊ မိုးဗြဲမြို့ပေါ်ရှိ လက်လီလက်ကား ဖြန့်ဖြူးရောင်းချနေသော စျေးဆိုင်ကြီးများ ဖြန့်ဖြူးရောင်းဝယ်ခြင်း မပြုလုပ်ရန် အထူးလိုက်နာရမည်ဖြစ်ပြီး သတ်မှတ်ကာလကျော်လွန်ပါက လိုက်နာခြင်း မရှိသော စျေးဆိုင်များကို ဖယ်ခုံ PDF သည် ဖယ်ခုံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲနှင့်အတူ ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးကြေငြာထားသည်။