ဗိုလ်​ချုပ်​​အောင်​ဆန်း ​ကြေးရုပ်​တုကိစ္စ အပြီးသပ်​ ညှိနှိုင်း​ဖြေရှင်းရန်​ ဧပြီလမကုန်​မီ ​လေးပွင့်​ဆိုင်​ထပ်​မံ​ တွေ့ဆုံမည်​ဗိုလ်​ချုပ်​​အောင်​ဆန်း ​ကြေးရုပ်​တုကိစ္စ အပြီးသပ်​ ညှိနှိုင်း​ဖြေရှင်းရန်​ ဧပြီလမကုန်​မီ ​လေးပွင့်​ဆိုင်​ထပ်​မံ​ တွေ့ဆုံမည်

ဗိုလ်​ချုပ်​​အောင်​ဆန်း ​ကြေးရုပ်​တုကိစ္စ အပြီးသပ်​ ညှိနှိုင်း​ဖြေရှင်းရန်​ ဧပြီလမကုန်​မီ ​လေးပွင့်​ဆိုင်​ထပ်​မံ​ တွေ့ဆုံမည်​ဗိုလ်​ချုပ်​​အောင်​ဆန်း ​ကြေးရုပ်​တုကိစ္စ အပြီးသပ်​ ညှိနှိုင်း​ဖြေရှင်းရန်​ ဧပြီလမကုန်​မီ ​လေးပွင့်​ဆိုင်​ထပ်​မံ​ တွေ့ဆုံမည်
မတ် 20, 2019
By Tachileik News Agency

ဗိုလ်​ချုပ်​​အောင်​ဆန်း ​ကြေးရုပ်​တု ကိစ္စအပြီးသတ်ညှိနှိုင်း​ ဖြေရှင်း​ရန်​ ဧပြီလမကုန်​မီ ​လေးပွင့်​ဆိုင်​ ထပ်​မံ​တွေ့ ဆုံ​ဆွေး​နွေးသွားမည်​  ဖြစ်​​ကြောင်း မတ်​လ ၂၀ ရက်​​နေ့ တွင်​ ဗိုလ်​ချုပ်​​ကြေးရုပ်​တု ကိစ္စနှင့်​ပက်​သက်​​၍ လွိုင်​​ကော်​မြို့ KEINNARA LOIKAW ဟိုတယ် တွင်​ ပြုလုပ်​ခဲ့သည့်​ ငါးပွင့်​ဆိုင်​ ​တွေ့ဆုံ​ဆွေး​နွေးမှုအပြီး တွင်​သတင်းထုတ်​ပြန်​ခဲ့သည်​။

ဗိုလ်​ချုပ်​ ​အောင်​ဆန်း​ကြေးရုပ်​တု ​ရွေ့​ပြောင်း​ပေး ​ရေးကိစ္စနှင့်​ ပက်​သက်​​၍ ငါးပွင့်​ဆိုင်​​တွေ့ဆုံ​ဆွေး​နွေး ရာတွင်​နှစ်​ဖက်​သ​ဘောတူ လက်​ခံနိုင်​​သော​ဖြေရှင်းချက်​များ ရရှိရန်​ ​ ပြည်​နယ်​အစိုးရ နှင့်​ ကရင်​နီလူငယ်​အင်​အားစု သပိတ်​​ကော်​မတီ မှ အဆိုပြု ချက်​ နှစ်​ချက်​စီ အားသ​ဘောထား စုစည်းချက်​အဖြစ်​ ထားရှိခဲ့ပြီး လာမည့်​ ဧပြီလမကုန်​မီ ​လေးပွင့်​ဆိုင်​​အပြီးသပ်​​တွေ့ဆုံ​ဆွေး​နွေး ရာတွင်​ ​ဆွေး​နွေးသွားမည်​ဖြစ်​​ကြောင်းသိရသည်​။

နှစ်​ဖက်​သ​ဘောတူလက်​ခံနိုင်​​သော ​ဖြေရှင်းချက်​များ ရရှိရန်​ ပြည်​နယ်​အစိုးရ ဖက်​မှ အဆိုပြုနည်းလမ်းအဖြစ်​ ဗိုလ်​ချုပ်​​ကြေးရုပ်​တုအား လက်​ရှိအတိုင်းထားရှိပြီး ယင်း​နေရာတွင်​ ဗိုလ်​ချုပ်​​အောင်​ဆန်း ၏ ကတိကဝတ်​များ ၊ပင်​လုံစာချုပ်​ပါအချက်​များအား နှစ်​ဖက်​ညှိနှိုင်း၍ ကမ္ပည်း​​ကျောက်​စာများ ရေးထိုးထာရှိရန်​ နှင့်​ ဗိုလ်​ချုပ်​ရုပ်​တု​ဘေးတွင်​ ကရင်​နီတိုင်းရင်းသား​ခေါင်​​ဆောင်​ တစ်​ဦး၏ ရုပ်​တုထားရှိရန်​ အဆိုပြုထားပြီး ကရင်​နီလူငယ်​အင်​အားစုများဖက်​မှ ဗိုလ်​ချုပ်​ ရုပ်​တုအား ပြည်​နယ်​ပြင်​ပသို့​ရွေ့​ပြောင်း​ပေးရန်​ နှင့်​အဆင်​မ​ပြေပါက အများနှင့်​မသက်​ဆိုင်​​သော ​နေရာ ဥပမာ NLDရုံး ၊ ပရဟိတ ရုံးများတွင်​ထားရှိရန်​ စသည့်​ နည်းလမ်းအဆိုပြုချက်​များ အားသ​​ဘောထား စုစည်းချက်​အဖြစ်​ ​ဆွေး​နွေးထားရှိခဲ့​ကြောင်းသိရသည်​။

" ကျွန်​​တော်​တို့ လိုချင်​တဲ့ ရလဒ်​အ​ဖြေ​တော့ မရ​ပေမယ့်​ ကျွန်​​တော်​တို့ ပြည်​နယ်​အစိုးရအဖွဲ့နဲ့ အကြိမ်​ကြိမ်​​တွေ့ဆုံခဲ့​ပေမယ့်​ အခုလိုနှစ်​ဖက်​​ဆွေး​နွေးမှုမဆန်​ခဲ့ဘူး အစိုးဖက်​က မိန့်​ခွန်း​ပြော သ​ဘောထား​ပြောပြီး ပြီးသွားတယ်​ ။ ခုအစည်း​ဝေးက​တော့ တကယ်​​တွေ့ဆုံ​ဆွေး​နွေးမှုဆန်​တယ်​ ကျွန်​​တော်​တို့ကလည်း ​တွေ့ဆုံညှိနှိုင်းမှုလမ်းစဉ်​ ဖက်​ကိုပဲ သွားချင်​တာဖြစ်​တယ်​ ဒါ​ကြောင့်​ ဒီ​နေ့အ​ခြေ​နေကို သ​ဘောတူလိုက်​တာ​ပေါ့ ။ ကျွန်​​တော်​​ရှေ့ဆက်​ပြီး ငြိမ်းချမ်း​ရေးကို​ရှေးရှုပြီး ဆက်​ပြီး​ဆွေး​နွေးသွား ဖို့ သ​ဘောတူခဲ့တာပါ " ဟု ​ကရင်​နီလူငယ်​အင်​အားစု သပိတ်​​ကော်​မတီမှ ခွန်​​သောမက​ပြော​ဆွေး​နွေးမှု့အပြီး ရှင်းလင်းပွဲတွင်​ ပြောသည်​။

ယ​နေ့​တွေ့ဆုံ​ဆွေး​နွေးရာတွင်​ နှစ်​ဖက်​​သ​ဘောတူညီ ချက်​အဖြစ်​ ​ကြေးရုပ်​တုကိစ္စ နှစ်​ဖက်​လက်​ခံနိုင်​​သော ​ဖြေရှင်းချက်​ရရှိ​ရေး ငြိမ်းချမ်းစွာ ညှိနှိုင်းကြရန်​ ၊ နှစ်​ဖက်​အဆိုပြုထားသည့်​ နည်းလမ်းများကို ပြန်​သုံးသပ်​ကာ ဧပြီလ မကုန်​မီ ​လေးပွင့်​ဆိုင်​ပြန်​လည်​ ​တွေ့ဆုံ၍ အားလုံးလက်​ခံနိုင်​​သော ​ဖြေရှင်းချက်​ အပြီးသပ်​ရရှိ​ရေး ​ဆွေး​နွေးညှိနှိုင်းသွားရန်​ သ​ဘောတူညီခဲ့ကြသည်​။

" ကျွန်​​တော်​တို့ အပြုသ​ဘော​ဆောင်​တဲ့ ​ဆွေး​နွေးမှု​တွေ ပြုလုပ်​နိုင်​ခဲ့ပါတယ်​။ ကျွန်​​တော်​တို့ အားလုံးငြိမ်းငြိမ်းချမ်းချမ်း နဲ့ ​ဖြေရှင်းနိုင်​ဖို့ ဆက်​ကြိုးစားသွားမှာပါ" ဟု ကယားပြည်​နယ်​အစိုးရအဖွဲ့ အတွင်း​ရေးမှူး ဦး ညီညီက​ပြောသည်​။

ယ​နေ့​တွေ့ဆုံ​ဆွေး​နွေးရာတွင်​ ငါးပွင့်​ဆိုင်​​တွေ့ဆုံ​ဆွေး​နွေးခဲ့ ​သော်​လည်း ဧပြီလမကုန်​မီ ​ပြုလုပ်​မည့်​ အပြီးသပ်​​ဆွေး​နွေးပွဲတွင်​ ဗိုလ်​ချုပ်​​ကြေးရုပ်​ဖြစ်​​မြောက်​​ရေး ​ကော်​မတီအား ပါဝင်​​ဆွေး​နွေးခိုင်း​တော့မည်​ မဟုတ်​ဘဲ ​လေးပွင့်​ဆိုင်​သာ ​ဆွေး​နွေးသွားမည်​ ဖြစ်​သည်​။

" ကျွန်​​တော်​တို့ ​လေးပွင့်​ဆိုင်​ပဲ ​တွေ့ဖို့ဆုံးဖြက်​ လိုက်​တာက လက်​ရိ​ဆွေး​နွေးပွဲမှာ ​ကြေးရုပ်​ဖြစ်​​မြောက်​​ရေး ​ကော်​မတီက ဒီ​ကြးရုပ်​ကိစ္စကို တာဝန်​ယူ တာဝန်​မခံနိုင်​ဘူး ပြည်​နယ်​ အစိုးရကပဲ တာဝန်​ယူရမယ်​ ​ပေါ့​လေ ။ အဲ့ဒါ​ကြောင့်​ ဒီ​ကော်​မတီကို မထည့်​​တော့ဘူး လက်​ရှိ​ကြေးရုပ်​ ကိစ္စမှာ တာဝန်​ရှိတာက ပြည်​နယ်​အစိုးရဖြစ်​တယ်။ ပြည်​နယ်​အစိုးရကသာ တာဝန်​ယူ တာဝန်​ခံရမှာဖြစ်​ပါတယ်​ " ဟု ကရင်​နီပြည်​ လူငယ်​အင်​အားစု သပိတ်​​ကော်​မတီမှ ခွန်​​သောမတ်​ က ​ပြေညသည်​။

ယ​နေ့​တွေ့ဆုံ​ဆွေး​နွေးမှုတွင်​ NRPC မှနိုင်​ငံ​တော်​ အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးဦး​ဇော်​​ဌေး ဦး​ဆောင်​၍( (၅) ဦး၊ ကယားပြည်နယ်အစိုးရအဖွဲ့မှဝန်​ကြီးချုပ်​ ဦးအယ်ဖောင်းရှို ဦး​ဆောင်​၍ (၄) ဦး ၊ ဗိုလ်​ချုပ်​ ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီမှ (၃) ဦး ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)မှ ဒုဥက္ကဌ ခူးဦးရယ်​ ဦး​ဆောင်​၍ (၄) ဦး နှင့် ကရင်နီပြည် လူငယ်များအင်အားစုကော်မတီ မှ (၇)ဦးတို့ ​တတ်​​​ရောက်​၍ ​တွေ့ဆုံ​ဆွေး​နွေး လျှက်​ရှိပြီး  ပြည်သူလွှတ်တော်ကိုယ်စားလှယ် ​ဒေါက်​တာ​ဒေါ်ခင်​စည်​သူ နှင့်​ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ခူးသဲရယ်​ တို့မှအသိသတ်​​သေများ အဖြစ်​ တတ်​​ရောက်​ခဲ့ကြသည်​။

~~~~~~~~⊰❂ Unicode Version ~~~~~~~~
1အအ 1
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net