မိုးဗြဲမြို့ ဖလိုင်တောင်ခြေရွာရှိ စစ်ကောင်စီ၏ ယာယီအခြေချစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ရုပ်သံထုတ်ပြန်

မိုးဗြဲမြို့ ဖလိုင်တောင်ခြေရွာရှိ စစ်ကောင်စီ၏ ယာယီအခြေချစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ရုပ်သံထုတ်ပြန်
ဇွန် 17, 2023 | 2021 Military Coup| ကယား

ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့ ဖလိုင်တောင်ခြေရွာရှိ စစ်ကောင်စီ၏ ယာယီအခြေချစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ရုပ်သံကို ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ(၁၇)ရက်နေ့တွင် KNDF-B02က သတင်းထုတ်ပြန်လာသည်။



ကုန်းသာဆည်အနီးတောင်ကုန်း၊ ဖလိုင်တောင်ခြေရွာနှင့် ဆောင်ကန်းရွာတို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ပြီးခဲ့သည့်မတ်လ(၂၁)ရက်နေ့တွင် ဒေသကာကွယ်ရေးတပ်များက တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။ တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ လွိုင်ကော်အခြေစိုက် ခလရ (၂၆၁)၊ ခမရ(၅၃၀)တို့မှ လက်နက်ကြီး ပစ်ကူပေးခဲ့သည်ဟု ဆိုသည်။



ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် ထိခိုက်ကျဆုံးမှုများရှိခဲ့သော စစ်ကောင်စီတပ်သည် စခန်းမှ ဆုတ်ခွာသွားခဲ့ရပြီး

၎င်းတို့ ကျန်ခဲ့‌သော ခဲယမ်းအချို့ကို နယ်မြေရှင်းလင်းရာတွင် သိမ်းဆည်းရရှိခဲ့သည့်အပြင် စစ်ကောင်စီတပ်သားများ၏ ခြေ၊ လက် အပိုင်းအစများကိုလည်း တွေ့ရှိခဲ့သည်ဟုလည်း သိရသည်။



တိုက်ခိုက်မှုကို KNDF B-02၊ KNDF B-03၊ PEKHON PDF၊ မြို့ပြ PDFတို့ပါဝင်သော ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကာ ရဲဘော်(၆)ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။



#TachileikNewsAgency

Video : Karenni Nationalities Defense Force-B-02