ကယားျပည္နယ္အတြင္း ျပဳလုပ္မည့္ နမ့္တဘက္ေခ်ာင္းစီမံကိန္းအတြက္ တင္ျပေတာင္းခံသည့္ က်ပ္သန္းႏွစ္ေထာင္ ကိစၥ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ကန္႔ကြက္

ကယားျပည္နယ္အတြင္း ျပဳလုပ္မည့္ နမ့္တဘက္ေခ်ာင္းစီမံကိန္းအတြက္ တင္ျပေတာင္းခံသည့္ က်ပ္သန္းႏွစ္ေထာင္ ကိစၥ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ကန္႔ကြက္
ဇွန် 15, 2018
By Tachileik News Agency

ျပည္နယ္အစိုးရက ေရရ႐ွိေရးအတြက္ လုပ္ေဆာင္မည့္ နမ့္တဘက္ေခ်ာင္းစီမံကိန္း အတြက္ ေက်းလက္ ဦးစီးဌာနက က်ပ္သန္းႏွစ္ေထာင္ တင္ျပေတာင္းခံမႈအား ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားက ကန္႔ကြက္လုိက္သျဖင့္ ပယ္ဖ်က္လိုက္ေၾကာင္း သိရသည္။

"ကြၽန္ေတာ္တို႔ ဘာလို႔ ပယ္ဖ်က္လည္းဆိုေတာ့ ကြၽန္ေတာ္တို႔က အရပ္သားအစိုးရေလ။ ဒါသန္းႏွစ္ေထာင္ ဆိုတာ နည္းတာ မဟုတ္ဘူး။ လိြဳင္ေကာ္ၿမိဳ႕ေပၚကိုျဖန္႔မယ္ဆိုလည္း လိြဳင္ေကာ္ၿမိဳ႕မွာ ေရက ဒီေလာက္မ႐ွားပါဘူး။ ေနာက္သြယ္တန္းရမွာကလည္း အေဝးႀကီး။ ေနာက္ေရနဲ႔ ပတ္သက္ရင္ နတလတို႔၊ ACF တို႔လုပ္တာပဲ။ မေအာင္ျမင္ဘူး။ ေအာင္ျမင္မႈနည္းတာေပါ့။ ေနာက္ ပညာ႐ွင္ေတြလိုတယ္။ အင္ဂ်င္နီယာေလာက္နဲ႔ မျဖစ္ဘူး။ ေနာက္ေဒသခံေတြရဲ႕ဆႏၵ ၊ ေျမျပင္ကြင္းဆင္းမႈေတြ၊ လက္ေတြ႔က်က် မ႐ွိဘူး။ ေသခ်ာအေသးစိတ္ တင္ျပထားတာေတြ မ႐ွိဘူး။ ကြၽန္ေတာ္တို႔ လႊတ္ေတာ္နဲ႔လည္း ညိႇႏိႈင္း တိုင္ပင္တာမ်ိဳးလည္း မ႐ွိဘူး။ သန္းႏွစ္ေထာင္ဆိုတာ ျပည္သူေတြရဲ႕ ပိုက္ဆံေတြ။ ျပည္သူေတြပဲ နစ္နာမွာ။ ဒါေၾကာင့္ ပယ္ဖ်က္လိုက္တယ္။ ကြၽန္ေတာ္တို႔လႊတ္ေတာ္ကိုယ္စားလွယ္ေတြက မႀကဳိက္ရင္ ပယ္ဖ်က္ခြင့္၊ ကန္႔ကြက္ခြင့္႐ွိတယ္။ အမိန္႔ေပးခြင့္ေတာ့မ႐ွိဘူးေပါ့။ ဒီစီမံကိန္းဆက္လုပ္မယ္၊ မလုပ္ဘူးဆိုတာေပါ့။ ဆက္ၿပီး တင္ျပလာတဲ့အေပၚေစာင့္ၾကည့္ရမွာေပါ့ " ဟု ျပည္သူ႔ေငြစာရင္းေစာင့္ၾကည့္စစ္ေဆးေရး ေကာ္မတီ ဥကၠဌ ဦးသိန္းေအာင္က ေျပာသည္။

ယခုႏွစ္ဘတ္ဂ်က္ အတြက္ ေက်းလက္ဦးစီးဌာနက နမ့္သဘက္ေခ်ာင္းစီမံကိန္းအတြက္ ေငြက်ပ္သန္းႏွစ္ေထာင္ တင္ျပ ေတာင္းခံထားမႈအား ပယ္ဖ်က္သြားမည္ျဖစ္ေၾကာင္း ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၁၁) ရက္ေန႔တြင္ ျပဳလုပ္သည့္ ဒုတိယအႀကိမ္ ကယားျပည္နယ္လႊတ္ေတာ္ ဒႆမပုံမွန္အစည္းအေဝးတြင္ တင္သြင္းခဲ့သည့္ ျပည္သူ႔ေငြစာရင္း ေစာင့္ၾကည့္စစ္ေဆးေရးေကာ္မတီ၏ အစီရင္ခံစာတြင္ ထည့္သြင္း ေျပာၾကားခဲ့သည္။

အဆိုပါ စီမံကိန္းလုပ္ေဆာင္မည့္ ဘတ္ဂ်က္ေတာင္းခံမႈမွာ ဖြဲ႔စည္းပုံအေျခခံဥပေဒ ပုဒ္မ ၂၅၁ ႏွင့္ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္အစိုးရအဖြဲ႔ ဥပေဒပုဒ္မ ၃၃ တို႔ကို ခ်ိဳးေဖာက္ လုပ္ေဆာင္ေနျခင္း ျဖစ္ေသာေၾကာင့္ ကန္႔ကြက္ရျခင္းျဖစ္ေၾကာင္း အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။

" နမ့္တဘက္ေခ်ာင္း စီမံကိန္းဟာ တကယ္လိုၿပီလား။ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဥပေဒနဲ႔ လြတ္ကင္းပါရဲ႕လား။ ေအာက္ေျခကို ကြင္းဆင္းၿပီးၿပီလား။ ဌာေနတိုင္းရင္းသားမ်ားနဲ႔ ညိႇႏိႈင္းၿပီးၿပီလား။ ယခု စီမံကိန္းေၾကာင့္ ဘယ္လို အက်ိဳးေက်းဇူးေတြ႐ွိေၾကာင္း၊ ဘီလူးေခ်ာင္းႀကီး႐ွိေနပါလ်က္ႏွင့္ ဘီလူးေခ်ာင္းကို ပစ္ၿပီး တစ္ဖက္ကို ရွာတာဟာ အစိုးရအေနနဲ႔ ေသခ်ာျပန္သုံးသပ္ဖို႔လိုပါတယ္"ဟု ဒုတိယအႀကိမ္ ကယားျပည္နယ္လႊတ္ေတာ္ ဒႆမပုံမွန္အစည္းအေဝး ဒုတိယေန႔တြင္ ေဘာလခဲ မဲဆႏၵနယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုးရယ္က လႊတ္ေတာ္တြင္ ေဆြးေႏြးခဲ့သည္။

သန္းေလးေထာင္ေက်ာ္ကုန္က်မည့္ နမ့္တဘက္ေခ်ာင္းေရေပးေဝေရးစီမံကိန္းကို အစိုးရအေနျဖင့္ ျပန္လည္သုံးသပ္ရန္ ေဘာလခဲ မဲဆႏၵနယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုးရယ္က တုိက္တြန္းခဲ့သည္။

"ေရသြယ္ယူမည့္ နမ့္သဘက္ေခ်ာင္းသည္ လိြဳင္ေကာ္ၿမိဳ႕ႏွင့္ေဝးကြာျခင္း၊ ျမန္မာတစ္ႏိုင္ငံလုံးတြင္ ျမစ္ေရတင္စီမံကိန္းမ်ားဟာ ေအာင္ျမင္သည့္ စီမံကိန္းမ႐ွိသေလာက္ ႐ွားပါးျခင္း၊ ေရေပးေဝမည့္ ေက်းရြာမ်ားသည္ တစ္ႏွစ္ပတ္လုံး ေရလိုအပ္ေနျခင္းမဟုတ္ဘဲ ေႏြရာသီကာလတြင္သာ ေရလိုအပ္ျခင္း၊ စီမံကိန္းနဲ႔ ပတ္သက္ၿပီး ဌာေနတိုင္းရင္းသား ေဒသခံမ်ား၏ သေဘာတူညီမႈလိုအပ္ျခင္း၊ သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးမ်ားကို ခ်ိဳးေဖာက္ျခင္း၊ နမ့္သဘက္ေခ်ာင္းဟာ ကယားျပည္နယ္ တစ္ခုတည္းအေပၚ ျဖတ္သန္းစီးဆင္းေနျခင္း မဟုတ္ဘဲ ႐ွမ္းျပည္နယ္မွ လူထုအသံႏွင့္ နမ့္သဘက္ေခ်ာင္း တစ္ေလွ်ာက္ ေနထိုင္ေသာ ႐ွမ္း၊ ပအိုဝ္းလူမ်ိဳးတို႔၏ အသံကိုလည္း လိုအပ္ျခင္း၊ ေရသြယ္ယူမည့္ ေနရာျဖစ္ေစ ေရကာတာတည္ေဆာက္မည့္ေနရာျဖစ္ေစ အနီးပတ္ဝန္းက်င္တြင္ လယ္ယာေျမေတြ ႐ွိေနျခင္း၊ အေပၚပိုင္း ဆယ္မိုင္တြင္ လယ္ယာေျမဧက ငါးေထာင္ခန္႔႐ွိေနၿပီး ေအာက္ပိုင္းတြင္ ဧကတစ္ေထာင္ခန္႔႐ွိေနျခင္းအေပၚ မည္သူက တာဝန္ယူ တာဝန္ခံသလဲ။ ေရသြယ္ယူမယ့္ အစီအစဥ္ဟာ မည္ကဲ့သို႔ေသာ ေပဆပ္မႈမ်ား႐ွိသည္ကို ေသခ်ာစြာစဥ္းစားေစလိုပါတယ္ " ဟု မယ္စဲ့ၿမိဳ႕ မဲဆႏၵနယ္မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ႏိုင္ဦးက ေဆြးေႏြးခဲ့သည္။

ကယားျပည္နယ္၊ နမ့္တဘက္ေခ်ာင္းတြင္ ေရအားလ်ွပ္စစ္ထုတ္ယူႏုိင္ေရး စီမံကိန္းျဖစ္ေျမာက္ႏုိင္စြမ္း အႀကိဳ ကြင္းဆင္းေလ့လာမႈ (Pre Survey ) လုပ္ငန္းအား Khin Maung Nyunt Trading Co.,Ltd ႏွင့္ တရုတ္ႏုိင္ငံ TEBIAN Electric Apparatus Stock Co., Ltd (TBEA) တုိ႔က ၂၀၁၈ ခုႏွစ္ မတ္လ(၁၆)ရက္ေန႔မွ မတ္လ(၂၂) ရက္ေန႔အထိ ေဆာင္ရြက္ခဲ့ၿပီးေနာက္ အႀကိဳကြင္းဆင္းေလ့လာမႈ (Pre Survey ) ေတြ႕ရွိခ်က္မ်ားႏွင့္ ပတ္သက္ၿပီး ျပည္နယ္အစိုးရထံ ရွင္းလင္းတင္ျပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ဆန္းၿဖိဳးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ပြည်နယ်အစိုးရက ရေရရှိရေးအတွက် လုပ်ဆောင်မည့် နမ့်တဘက်ချောင်းစီမံကိန်း အတွက် ကျေးလက် ဦးစီးဌာနက ကျပ်သန်းနှစ်ထောင် တင်ပြတောင်းခံမှုအား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်လိုက်သဖြင့် ပယ်ဖျက်လိုက်ကြောင်း သိရသည်။

"ကျွန်တော်တို့ ဘာလို့ ပယ်ဖျက်လည်းဆိုတော့ ကျွန်တော်တို့က အရပ်သားအစိုးရလေ။ ဒါသန်းနှစ်ထောင် ဆိုတာ နည်းတာ မဟုတ်ဘူး။ လွိုင်ကော်မြို့ပေါ်ကိုဖြန့်မယ်ဆိုလည်း လွိုင်ကော်မြို့မှာ ရေက ဒီလောက်မရှားပါဘူး။ နောက်သွယ်တန်းရမှာကလည်း အဝေးကြီး။ နောက်ရေနဲ့ ပတ်သက်ရင် နတလတို့၊ ACF တို့လုပ်တာပဲ။ မအောင်မြင်ဘူး။ အောင်မြင်မှုနည်းတာပေါ့။ နောက် ပညာရှင်တွေလိုတယ်။ အင်ဂျင်နီယာလောက်နဲ့ မဖြစ်ဘူး။ နောက်ဒေသခံတွေရဲ့ဆန္ဒ၊ မြပြေင်ကွင်းဆင်းမှုတွေ၊ လက်တွေ့ကျကျ မရှိဘူး။ သေချာအသေးစိတ် တင်ပြထားတာတွေ မရှိဘူး။ ကျွန်တော်တို့ လွှတ်တော်နဲ့လည်း ညှိနှိုင်း တိုင်ပင်တာမျိုးလည်း မရှိဘူး။ သန်းနှစ်ထောင်ဆိုတာ ပြည်သူတွေရဲ့ ပိုက်ဆံတွေ။ ပြည်သူတွေပဲ နစ်နာမှာ။ ဒါကြောင့် ပယ်ဖျက်လိုက်တယ်။ ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်တွေက မကြိုက်ရင် ပယ်ဖျက်ခွင့်၊ ကန့်ကွက်ခွင့်ရှိတယ်။ အမိန့်ပေးခွင့်တော့မရှိဘူးပေါ့။ ဒီစီမံကိန်းဆက်လုပ်မယ်၊ မလုပ်ဘူးဆိုတာပေါ့။ ဆက်ပြီး တင်ပြလာတဲ့အပေါ်စောင့်ကြည့်ရမှာပေါ့ " ဟု ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေး ကော်မတီ ဥက္ကဌ ဦးသိန်းအောင်က ပြောသည်။

ယခုနှစ်ဘတ်ဂျက် အတွက် ကျေးလက်ဦးစီးဌာနက နမ့်သဘက်ချောင်းစီမံကိန်းအတွက် ငွေကျပ်သန်းနှစ်ထောင် တင်ပြ တောင်းခံထားမှုအား ပယ်ဖျက်သွားမည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၁) ရက်နေ့တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ဒဿမပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့သည့် ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးကော်မတီ၏ အစီရင်ခံစာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အဆိုပါ စီမံကိန်းလုပ်ဆောင်မည့် ဘတ်ဂျက်တောင်းခံမှုမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၅၁ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၃၃ တို့ကို ချိုးဖောက် လုပ်ဆောင်နခြေင်း ဖြစ်သောကြောင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

" နမ့်တဘက်ချောင်း စီမံကိန်းဟာ တကယ်လိုပြီလား။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေနဲ့ လွတ်ကင်းပါရဲ့လား။ အောက်ခြေကို ကွင်းဆင်းပြီးပြီလား။ ဌာနေတိုင်းရင်းသားများနဲ့ ညှိနှိုင်းပြီးပြီလား။ ယခု စီမံကိန်းကြောင့် ဘယ်လို အကျိုးကျေးဇူးတွေရှိကြောင်း၊ ဘီလူးချောင်းကြီးရှိနေပါလျက်နှင့် ဘီလူးချောင်းကို ပစ်ပြီး တစ်ဖက်ကို ရှာတာဟာ အစိုးရအနေနဲ့ သေချာပြန်သုံးသပ်ဖို့လိုပါတယ်"ဟု ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ဒဿမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ဘောလခဲ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုးရယ်က လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

သန်းလေးထောင်ကျော်ကုန်ကျမည့် နမ့်တဘက်ချောင်းရေပေးဝေရေးစီမံကိန်းကို အစိုးရအနဖြေင့် ပြန်လည်သုံးသပ်ရန် ဘောလခဲ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုးရယ်က တိုက်တွန်းခဲ့သည်။

"ရေသွယ်ယူမည့် နမ့်သဘက်ချောင်းသည် လွိုင်ကော်မြို့နှင့်ဝေးကွာခြင်း၊ မြန်မာတစ်နိုင်ငံလုံးတွင် မြစ်ရေတင်စီမံကိန်းများဟာ အောင်မြင်သည့် စီမံကိန်းမရှိသလောက် ရှားပါးခြင်း၊ ရေပေးဝေမည့် ကျေးရွာများသည် တစ်နှစ်ပတ်လုံး ရေလိုအပ်နခြေင်းမဟုတ်ဘဲ နွေရာသီကာလတွင်သာ ရေလိုအပ်ခြင်း၊ စီမံကိန်းနဲ့ ပတ်သက်ပြီး ဌာနေတိုင်းရင်းသား ဒေသခံများ၏ သဘောတူညီမှုလိုအပ်ခြင်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးများကို ချိုးဖောက်ခြင်း၊ နမ့်သဘက်ချောင်းဟာ ကယားပြည်နယ် တစ်ခုတည်းအပေါ် ဖြတ်သန်းစီးဆင်းနခြေင်း မဟုတ်ဘဲ ရှမ်းပြည်နယ်မှ လူထုအသံနှင့် နမ့်သဘက်ချောင်း တစ်လျှောက် နေထိုင်သော ရှမ်း၊ ပအိုဝ်းလူမျိုးတို့၏ အသံကိုလည်း လိုအပ်ခြင်း၊ ရေသွယ်ယူမည့် နေရာဖြစ်စေ ရေကာတာတည်ဆောက်မည့်နေရာဖြစ်စေ အနီးပတ်ဝန်းကျင်တွင် လယ်ယာမြေတွေ ရှိနခြေင်း၊ အပေါ်ပိုင်း ဆယ်မိုင်တွင် လယ်ယာမြေဧက ငါးထောင်ခန့်ရှိနပြေီး အောက်ပိုင်းတွင် ဧကတစ်ထောင်ခန့်ရှိနခြေင်းအပေါ် မည်သူက တာဝန်ယူ တာဝန်ခံသလဲ။ ရေသွယ်ယူမယ့် အစီအစဉ်ဟာ မည်ကဲ့သို့သော ပေဆပ်မှုများရှိသည်ကို သေချာစွာစဉ်းစားစေလိုပါတယ် " ဟု မယ်စဲ့မြို့ မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ဆွေးနွေးခဲ့သည်။

ကယားပြည်နယ်၊ နမ့်တဘက်ချောင်းတွင် ရေအားလျှပ်စစ်ထုတ်ယူနိုင်ရေး စီမံကိန်းဖြစ်မြောက်နိုင်စွမ်း အကြို ကွင်းဆင်းလေ့လာမှု (Pre Survey ) လုပ်ငန်းအား Khin Maung Nyunt Trading Co.,Ltd နှင့် တရုတ်နိုင်ငံ TEBIAN Electric Apparatus Stock Co., Ltd (TBEA) တို့က ၂၀၁၈ ခုနှစ် မတ်လ(၁၆)ရက်နေ့မှ မတ်လ(၂၂) ရက်နေ့အထိ ဆောင်ရွက်ခဲ့ပြီးနောက် အကြိုကွင်းဆင်းလေ့လာမှု (Pre Survey ) တွေ့ရှိချက်များနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရထံ ရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~