ကယားပြည်နယ်အတွင်း မော်ချီးမှ ဖား​ဆောင်းဖက်​ သို့သွားသည့်​ (၁၂)မိုင်ကုန်းဆင်းလမ်းတွင်​ (၁၈)ဘီးတွဲကားတိမ်း​မှောက်​၍ လူတစ်ဦးသေဆုံးကာ နှစ်​ဦးဒဏ်ရာရ

ကယားပြည်နယ်အတွင်း မော်ချီးမှ ဖား​ဆောင်းဖက်​ သို့သွားသည့်​ (၁၂)မိုင်ကုန်းဆင်းလမ်းတွင်​ (၁၈)ဘီးတွဲကားတိမ်း​မှောက်​၍ လူတစ်ဦးသေဆုံးကာ နှစ်​ဦးဒဏ်ရာရ
စက်တင်ဘာ 17, 2019
By Tachileik News Agency



အဆိုပါ ယာဉ်​တိမ်း​မှောက်​ခြင်း​ကြောင့်​  အကူယာဉ်မောင်း  အဖြစ်​လိုက်​ပါလာပြီး အသက်(၃၁)နှစ်ရှိ တင်ကိုလတ်ဆိုသူမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ယာဉ်မောင်းဖြစ်သူ အသက်(၃၅)နှစ်ရှိ ကျော်သူ နှင့် အသက်(၂၅)နှစ်ရှိ သံချောင်းတို့မှ  ဒဏ်​ရာအသီးသီးရရှိကာ ဖားဆောင်းမြို့အခြေစိုက် ရွှေပြည်သို့ လူမှုကူညီရေးအသင်းနှင့် မီးသတ်တပ်ဖွဲ့ဝင် ကယ်ဆယ်ရေးအဖွဲ့များမှ ဖား​ဆောင်းမြို့ပြည်​သူ့​ဆေးရုံသို့ ကူညီပို့​ဆောင်​​ပေးခဲ့​ကြောင်း သိရသည်။

လက်​ရှိ​ အ​ခြေ​နေအရ ဒဏ်​ရာရရှိ​သော ယာဉ်မောင်းဖြစ်သူသူ  ကျော်သူ နှင့့် ယဉ်​​နောက်​လိုက်​ သံ​ချောင်းတို့မှာ ဖား​ဆောင်းမြို့နယ်​ ပြည်​သူ့​ဆေးရုံတွင်​ အတွင်းလူနာ အဖြစ်​ ​ဆေးကုသမှုခံယူ​နေရပြီး စိုးရိမ်ရ​ခြင်း မရှိကြောင်း သိရသည်​။


Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
ဓါတ်ပုံ - ဂျိုးကလေး


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကယားပြည်နယ် ဖားဆောင်းမြို့နယ်​တွင်​ စက်​တင်​ဘာလ (၁၆)ရက်​​နေ့ ည​နေပိုင်​းက မော်ချီး မှ ​ဖာ​ဆောင်​းအသွား (၁၂)မိုင်ကုန်းဆင်းလမ်​းတွင် ​မြေ​ကော်​စက်​တင်​​ဆောင်​လာ​သော ကားတစ်​စီး တိမ်​း​မှောက်​မှုကြောင့် လူတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၁၉ခုနှစ် စက်​တင်​ဘာလ (၁၆)ရက်​​နေ့ ည​နေပိုင်​းက ဖား​ဆောင်​းမြို့ ဖက်​သို့ မြေကော်စက် တင်ဆောင်လာသည့် (၁၈)ဘီးတွဲကားသည် (၁၂)မိုင်​ကုန်​းဆင်​းအ​ရောက်​တွင်​ အရှိန်​မထိန်​းနိုင်​ဘဲ လမ်​း၏ ဝဲဘက်​အခြမ်​းသို့ တိမ်​း​မှောက်​သွားခဲ့ခြင်​းဖြစ်​​ကြောင်​း သိရသည်​။

အဆိုပါ ယာဉ်​တိမ်​း​မှောက်​ခြင်​း​ကြောင်​့ အကူယာဉ်မောင်း အဖြစ်​လိုက်​ပါလာပြီး အသက်(၃၁)နှစ်ရှိ တင်ကိုလတ်ဆိုသူမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ယာဉ်မောင်းဖြစ်သူ အသက်(၃၅)နှစ်ရှိ ကျော်သူ နှင့် အသက်(၂၅)နှစ်ရှိ သံချောင်းတို့မှ ဒဏ်​ရာအသီးသီးရရှိကာ ဖားဆောင်းမြို့အခြေစိုက် ရွှပြေည်သို့ လူမှုကူညီရေးအသင်းနှင့် မီးသတ်တပ်ဖွဲ့ဝင် ကယ်ဆယ်ရေးအဖွဲ့များမှ ဖား​ဆောင်​းမြို့ပြည်​သူ့​ဆေးရုံသို့ ကူညီပို့​ဆောင်​​ပေးခဲ့​ကြောင်​း သိရသည်။

လက်​ရှိ​ အ​ခြေ​နေအရ ဒဏ်​ရာရရှိ​သော ယာဉ်မောင်းဖြစ်သူသူ ကျော်သူ နှင်​့ ယဉ်​​နောက်​လိုက်​ သံ​ချောင်​းတို့မှာ ဖား​ဆောင်​းမြို့နယ်​ ပြည်​သူ့​ဆေးရုံတွင်​ အတွင်​းလူနာ အဖြစ်​ ​ဆေးကုသမှုခံယူ​နေရပြီး စိုးရိမ်ရ​ခြင်​း မရှိကြောင်​း သိရသည်​။

ယာဉ်တိမ်​း​မှောက်​မှုကြောင့် ယာဉ်မောင်း ဖြစ်​သူ ကျော်သူအား ဖားဆောင်းမြို့မရဲစခန်းမှ ယာဉ်(ပ)၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က /၃၃၈/၃၃၇ ဖြင့်အမှုဖွင့်​ဆောင်လျှက်​ရှိ​ ကြောင်​းသိရသည်​။

Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
ဓာတ်ပုံ - ဂျိုးကလေး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net