ဒီးမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၂)ဦး အရှင် ဖမ်းမိသည့်အပြင် လက်နက်အများအပြား သိမ်းဆည်းရမိ

ဒီးမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၂)ဦး အရှင် ဖမ်းမိသည့်အပြင် လက်နက်အများအပြား သိမ်းဆည်းရမိ
မတ် 6, 2022 | ကယား

ကရင်နီ(ကယား)ပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်း ကျောက်ဆည်ကန်တွင် ယနေ့ မတ်လ(၆)ရက်၌ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ်ရေးတပ်များ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား နှစ်ဦးကို အရှင်ဖမ်းမိကာ အများအပြားသေသည့်အပြင် လက်နက်လည်းအများအပြားလည်း သိမ်းဆည်းရမိကြောင်း အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က သတင်းထုတ်ပြန်လာသည်။

တိုက်ပွဲတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များအား အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးအဖွဲ့၊ ဒီးမော့ဆို PDF ၊ လွိုင်ကော် PDF ၊ ဖယ်ခုံ PDF ၊ KA ၊ KNDF နှင့်ညီနောင်မဟာမိတ်အဖွဲများက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မဟာမိတ်အဖွဲများ၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် အကျအဆုံးများသည့် စစ်ကောင်စီတပ်များ ကျောက်ဆည်ကန်မှ ဘုရားငုတ်တို ဖက်သို့ ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

ယမန့်နေ့ကလည်း ကျောက်ဆည်ကန်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား(၃၀)ကျော် သေခဲ့သေးသည်။

 

 

Photo: အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့