အာဏာသိမ်းစစ်တပ်က ဒီးမော့ဆိုကို တိုက်ပွဲမရှိဘဲ လေယာဉ်ဖြင့် ဗုံးကြဲ

Photo: Karenni Free Burma Ranger
Photo: Karenni Free Burma Ranger
အာဏာသိမ်းစစ်တပ်က ဒီးမော့ဆိုကို တိုက်ပွဲမရှိဘဲ လေယာဉ်ဖြင့် ဗုံးကြဲ
ဇန်နဝါရီ 14, 2022 | ကယား

ကရင်နီ(ကယား)ပြည် ဒီးမော့ဆိုမြို့အနီးတွင် ယနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၄)ရက်နေ့ နေ့လယ် (၁၁)နာရီဝန်းကျင်တွင် တိုက်ပွဲမရှိဘဲ အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲသွားကြောင်း သိရသည်။

ဒီနေ့ ၁၄.၁.၂၀၂၂ ရက်နေ့ နေ့လယ် (၁၁) နာရီဝန်းကျင်မှာ အကြမ်းဖက်စစ်ကောင်စီမှ စစ်လေယာဥ်နဲ့  အကြောင်းမဲ့ လာရောက် ဗုံးကြဲသွားပါတယ်။ အရင်ကတိုက်ပွဲဖြစ်လို့ လေကြောင်းလမ်း အသုံးပြုတိုက်ခိုက်တဲ့ လက်နက်ထက်ပိုကြီးပါတယ်။ ဒါကြောင့် ကရင်နီပြည်သူများအားလုံးရှိတဲ့နေရာမှာ ဗုံးခိုကျင်း ပြင်ဆင်ထားကြဖို့ တိုက်တွန်းလိုပါတယ်။ မိမိတို့ Karenni Free Burma Ranger သည်လည်း ပြည်သူတို့ရဲ့ ပူဆွေးသောကမှုနဲ့ အတူတကွ ခံစားရင်း ကူညီဆောင်ရွက်မှု ကြိုးစားလုပ်ဆောင်နေပါတယ်

ဟု Karenni Free Burma Ranger က သတင်းထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်ကောင်စီသည် ယနေ့တွင် ဒီးမော့ဆိုနည်းတူ စစ်ကိုင်းတိုင်းအတွင်းမှ ဒီပဲယင်းမြို့နယ်အတွင်းကိုလည်း တိုက်ပွဲမရှိဘဲ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုလုပ်ခဲ့သည်ကို တွေ့ရသည်။

Karenni Free Burma Ranger အဖွဲ့သည် စစ်ရှောင်များကို ကူညီပေးနေသည့်အဖွဲ့ဖြစ်သည်။