တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်အတွင်း Covid-19 အတည်ပြုလူနာ တစ်ဦးတွေ့၍ မိသားစုဝင်များကို နေအိမ်တွင် အသွားအလာကန့်သတ်

တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်အတွင်း Covid-19 အတည်ပြုလူနာ တစ်ဦးတွေ့၍ မိသားစုဝင်များကို နေအိမ်တွင် အသွားအလာကန့်သတ်
ဒီဇင်ဘာ 4, 2020
By Tachileik News Agency
 တာချီလိတ်မြို့  ဆေခမ်းရပ်ကွက်အတွင်း Covid-19 အတည်ပြုလူနာ တစ်ဦးတွေ့၍ မိသားစုဝင်များကို နေအိမ်တွင် အသွားအလာကန့်သတ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၄)ရက်နေ့ နံနက်ပိုင်းက တွေ့ရှိရသည့် အတည်ပြုလူနာမှာ  ဆေခမ်းရပ်ကွက် ဝမ်ဟောင်နယ်မြေအတွင်းက ဖြစ်၍ မိသားစုဝင်များကို နေအိမ်တွင် အသွားအလာ ကန့်သတ်ထားလိုက်ကြောင်း သိရသည်။
နံနက်ပိုင်းက အသစ်တွေ့ရသည့် အတည်ပြုလူနာမှာ အသက်(၃၄)နှစ်အရွယ် အမျိုးသားဖြစ်ပြီး ၎င်းနှင့် ဆက်စပ်သည့် ဝမ်ဟောင်နေမြေအတွင်းမှ နေအိမ်နှင့် သံပရာခြံ(၁)ခြံ အပါအဝင် ထိတွေ့သူများကို ဆေခမ်းရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများက သွားရောက်၍ အသွားအလာကန့်သတ်ထားလိုက်ခြင်း ဖြစ်သည်။ 
ဆေခမ်းရပ်ကွက်အတွင်း၌ Covid-19 တွေ့ရှိသူ (၁)ဦးသာရှိပြီး တစ်မြို့လုံးအနေဖြင့် စုစုပေါင်း (၆၅)ဦးအထိရှိနေရာ တစ်ဦးမှာ ဆေးရုံက ဆင်းခွင့်ရသွားပြီဖြစ်၍ လက်ရှိတွင် (၆၄)ဦး ကုသမှု ခံယူနေလျက်ရှိသည်။ 
အသစ်ထပ်တိုးတွေ့ရှိရသည့် အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိသူများအား  ကျန်းမာရေးနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တို့က  နေအိမ်တွင် အသွားအလာကန့်သတ်၍ COVID 19 စစ်ဆေးပေးနေခြင်းဖြစ်သည်။
Tachileik News Agency
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~