(၅)နိုင်ငံမှ သံဃာတော်များ၏ ဓမ္မခရီးစဉ်အတွင်း ဒုတိယမြောက် ဗောဓိညောင်ပင်ကို တာချီလိတ်ရွှေတိဂုံစေတီ ဧရိယာအတွင်း စိုက်ပျိုး

(၅)နိုင်ငံမှ သံဃာတော်များ၏ ဓမ္မခရီးစဉ်အတွင်း ဒုတိယမြောက် ဗောဓိညောင်ပင်ကို တာချီလိတ်ရွှေတိဂုံစေတီ ဧရိယာအတွင်း စိုက်ပျိုး
အောက်တိုဘာ 16, 2019
By Tachileik News Agency
(၅)နိုင်ငံမှ သံဃာတော်များ၏ ဓမ္မခရီးစဉ်အတွင်း ဒုတိယမြောက် ဗောဓိညောင်ပင်ကို တာချီလိတ်ရွှေတိဂုံစေတီ ဧရိယာအတွင်း စိုက်ပျိုး

မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံမှ သံဃာတော်များ၏ (၅)နိုင်ငံ ဓမ္မခရီးစဉ်အတွင်း ဒုတိယမြောက် ဗုဒ္ဓဂယာမှ ဗောဓိညောင်ပင် စိုက်ပျိုးခြင်းကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ တာချီလိတ်ရွှေတိဂုံစေတီ၏ ဝတ္တကမြေအတွင်း ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၆)ရက်နေ့ နေ့လယ် (၂)နာရီကျော်က စိုက်ပျိုးသည်။

မဲခေါင်မြစ်ဝှမ်း (၅) နိုင်ငံ၏ ဒုတိယအကြိမ်မြောက် ဓမ္မခရီးစဉ်စတင်ဖွင့်လှစ်သည့် ထိုင်းနိုင်ငံ ချင်းဆဲန်မြို့ရှိ Wat Phrathat Phangao ကျောင်းတိုက်အတွင်း ဒုတိယအကြိမ် ဓမ္မခရီးစဉ်၏ ပထမဆုံးအကြိမ် ဗောဓိညောင်ပင်ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့က စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။

တတိယအကြိမ်မြောက် ဗောဓိညောင်ပင်ကို အောက်တိုဘာလ (၁၇)ရက်နေ့၌ ကျိုင်းတုံမြို့ရှိ ဟိုခုံပရိယတ္တိစာသင်တိုက်ခွဲ ဆောက်လုပ်မည့်နေရာတွင် စိုက်ပျိုးမည်ဖြစ်သည်။

ထိုင်း၊ မြန်မာ၊ ဗိီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများမှ သံဃာတော်များ၏ ဒုတိယအကြိမ် ဓမ္မခရီးကို အောက်တိုဘာလ (၁၄) ရက်နေ့မှ အောက်တိုဘာလ (၃၁) ရက်နေ့အထိ ကြွချီကြမည်ဖြစ်ပြီး အဆိုပါ ဓမ္မခရီးစဉ်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်းနှင့် ထိုင်းနိုင်ငံ ဗောဓိဂယာဝိဇ္ဇာလျ ၉၈၀ အဖွဲ့ချုပ်တို့ ပူးပေါင်း၍ စီစဉ်ခြင်းဖြစ်သည်။

တာချီလိတ်သို့ ဓမ္မခရီးကြွရောက်လာရာသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ဓမ္မခရီးစီစဉ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓ ဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း ဥက္ကဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေ (ဇေကမ္ဘာမိသားစု)တို့နှင့် ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူများ၊ ဗောဓိဂယာဝိဇ္ဇာလျ ၉၈၀ အဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများလည်း လိုက်ပါကြိုဆိုကြသည်။

Tachileik News Agency
ဓာတ်ပုံ - ဟန်စိုးထိုက်၊ ကျောင်ဇင်ဟိန်း



~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

(၅)ႏုိင္ငံမွ သံဃာေတာ္မ်ား၏  ဓမၼခရီးစဥ္အတြင္း ဒုတိယေျမာက္  ေဗာဓိေညာင္ပင္ကို 
တာခ်ီလိတ္ေရႊတိဂံုေစတီ ဧရိယာအတြင္း  စိုက္ပ်ဳိး

မဲေခါင္ျမစ္ဝွမ္း (၅)ႏုိင္ငံမွ သံဃာေတာ္မ်ား၏ (၅)ႏုိင္ငံ ဓမၼခရီးစဥ္အတြင္း ဒုတိယေျမာက္ ဗုဒၶဂယာမွ ေဗာဓိေညာင္ပင္ စိုက္ပ်ိဳးျခင္းကို ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ  တာခ်ီလိတ္ေရႊတိဂံုေစတီ၏ ၀တၱကေျမအတြင္း ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁၆)ရက္ေန႔ ေန႔လယ္ (၂)နာရီေက်ာ္က စိုက္ပ်ိဳးသည္။

မဲေခါင္ျမစ္ဝွမ္း (၅) ႏုိင္ငံ၏ ဒုတိယအႀကိမ္ေျမာက္ ဓမၼခရီးစဥ္စတင္ဖြင့္လွစ္သည့္ ထုိင္းႏုိင္ငံ ခ်င္းဆဲန္ၿမိဳ႕ရိွ Wat Phrathat Phangao ေက်ာင္းတိုက္အတြင္း ဒုတိယအႀကိမ္ ဓမၼခရီးစဥ္၏ ပထမဆံုးအႀကိမ္ ေဗာဓိေညာင္ပင္ကို ၂၀၁၉ ခုနွစ္၊ ေအာက္တိုဘာလ (၁၅) ရက္ေန႔က စိုက္ပ်ိဳးခဲ့ျခင္းျဖစ္သည္။

တတိယအႀကိမ္ေျမာက္ ေဗာဓိေညာင္ပင္ကို ေအာက္တိုဘာလ (၁၇)ရက္ေန႔၌ က်ိဳင္းတံုၿမိဳ႕ရိွ ဟိုခံုပရိယတၱိစာသင္တုိက္ခြဲ ေဆာက္လုပ္မည့္ေနရာတြင္ စိုက္ပ်ိဳးမည္ျဖစ္သည္။

ထိုင္း၊ ျမန္မာ၊ ဗိီယက္နမ္၊ ကေမ႓ာဒီးယားႏွင့္ လာအိုႏုိင္ငံမ်ားမွ သံဃာေတာ္မ်ား၏ ဒုတိယအႀကိမ္ ဓမၼခရီးကို ေအာက္တိုဘာလ (၁၄) ရက္ေန႔မွ ေအာက္တိုဘာလ (၃၁) ရက္ေန႔အထိ ၾကြခ်ီၾကမည္ျဖစ္ၿပီး အဆိုပါ ဓမၼခရီးစဥ္ကို ျမန္မာႏိုင္ငံလုံးဆိုင္ရာ ေထရဝါဒဗုဒၶဘာသာအဖြဲ႕ခ်ဳပ္ႏွင့္ နယ္စပ္ေတာင္တန္းေဒသ သာသနာႏုဂၢဟအသင္းႏွင့္ ထိုင္းႏိုင္ငံ ေဗာဓိဂယာဝိဇၨာလ် ၉၈၀ အဖြဲ႕ခ်ဳပ္တို႔ ပူးေပါင္း၍ စီစဥ္ျခင္းျဖစ္သည္။

တာခ်ီလိတ္သို႔ ဓမၼခရီးၾကြေရာက္လာရာသို႔ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ဗမာတုိင္းရင္းသားေရးရာဝန္ႀကီး ေဒါက္တာ ေအာင္သန္းေမာင္၊ ျပည္နယ္အစိုးရအဖြဲ႕ဝင္ စည္ပင္သာယာေရးဝန္ႀကီး ဦးစိုင္းစြံဆိုင္း၊ ဓမၼခရီးစီစဥ္သည့္ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ေထရဝါဒဗုဒၶ ဘာသာအဖြဲ႕ခ်ဳပ္ႏွင့္ နယ္စပ္ေတာင္တန္းေဒသ သာသနာႏုဂၢဟအသင္း ဥကၠဌ ဝဏၰေက်ာ္ထင္ ေဒါက္တာခင္ေရႊ (ေဇကမၻာမိသားစု)တုိ႔ႏွင့္ ထုိင္းနိုင္ငံဘက္မွ တာဝန္ရိွသူမ်ား၊ ေဗာဓိဂယာဝိဇၨာလ် ၉၈၀ အဖြဲ႕ခ်ဳပ္တို႔မွ တာဝန္ရိွသူမ်ားလည္း လုိက္ပါႀကိဳဆိုၾကသည္။

Tachileik News Agency
ဓါတ္ပံု - ဟန္စိုးထိုက္ ၊ ေက်ာင္ဇင္ဟိန္း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net