ကျောက်မဲမြို့တွင် အတည်ပြုလူနာ ယာဉ်မောင်းနှင့် တိုက်ရိုက်/တဆင့် ထိတွေ့မိသူ (၃၉)ဦးကို Quarantine ထား

ကျောက်မဲမြို့တွင် အတည်ပြုလူနာ ယာဉ်မောင်းနှင့် တိုက်ရိုက်/တဆင့် ထိတွေ့မိသူ (၃၉)ဦးကို Quarantine ထား
ဒီဇင်ဘာ 1, 2020
By Tachileik News Agency

ကျောက်မဲမြို့တွင် အတည်ပြုလူနာ ယာဉ်မောင်းနှင့် တိုက်ရိုက်/တဆင့် ထိတွေ့မိသူ (၃၉)ဦးကို Quarantine ထား

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ရှိ ခြေမြစ်ပင် ကိုဗစ်စစ်ဆေးရေးဂိတ်တွင် COVID 19 ပိုးတွေ့သူ ယာဉ်မောင်း နှင့် တိုက်ရိုက်ထိတွေ့သူ၊ ထပ်ဆင့်ထိတွေ့သူ စုစုပေါင်း (၃၉) ဦးကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့၌ အသွားအလာ ကန့်သတ်ထားကြောင်း သိရသည်။
ပိုးတွေ့သူနှင့် တိုက်ရိုက်ထိတွေ့သူ (၉) ဦးကို ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း (နောင်ပိန်)က နောင်ပိန်တိုက်နယ်ကျန်းမာရေးဌာန၏ လမ်းညွှန်မှုနဲ့အညီ  ခိုက်တုန်ဟုန်ရွာရှိ ဂေါ်ရခါးကျောင်း၌ အသစ်ဖွင့်လိုက်သည့်  Facility Quarantine Center တွင် ပို့ဆောင်ထားကြောင်း သိရသည်။
ပိုးတွေ့သူနှင့် တိုက်ရိုက်ထိတွေ့ခဲ့သူ (၉) ဦးကို Facility Quarantine ၌ ထည့်ထားပြီး ထပ်ဆင့်ထိတွေ့သူ စုစုပေါင်း (၃၀) ဦးကို ခိုက်တုန်ဟုန်ရွာရှိ ၎င်းတို့၏ နေအိမ်များ၌ နေအိမ်အသွား အလာကန့်သတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာရှိ Facility Quarantine Center တွင် ဒီဇင်ဘာလ (၁) ရက်နေ့အထိ အသွားအလာ ကန့်သတ်ထားသူ (၃) ဦးသာ ကျန်တော့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၁ ရက်နေ့အထိ ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံ သီးသန့်ကုသဆောင်တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်ပိုးတွေ့လူနာ စုစုပေါင်း (၂) ဦးသာ ကျန်တော့သည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း (နောင်ပိန်)
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~