အောက်တိုဘာလ(၁၀)ရက်နေ့တွင် အတည်ပြုလူနာ (၂၁၅၈)ဦးနှင့် သေဆုံးသူ (၃၂)ဦး တစ်ရက်အတွင်း ထပ်တိုးလာ

အောက်တိုဘာလ(၁၀)ရက်နေ့တွင် အတည်ပြုလူနာ (၂၁၅၈)ဦးနှင့် သေဆုံးသူ (၃၂)ဦး တစ်ရက်အတွင်း ထပ်တိုးလာ
အောက်တိုဘာ 10, 2020
By Tachileik News Agency
အောက်တိုဘာလ(၁၀)ရက်နေ့တွင် အတည်ပြုလူနာ (၂၁၅၈)ဦးနှင့် သေဆုံးသူ (၃၂)ဦး တစ်ရက်အတွင်း ထပ်တိုးလာ
COVID 19 အတည်ပြုလူနာ (၂,၁၅၈) ဦး ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့ ညပိုင်းထုတ်ပြန်ချိန်တွင် ထပ်တိုးလာသဖြင့် စုစုပေါင်း အတည်ပြုလူနာ (၂၆,၀၆၄ )ဦး ရှိလာပြီဖြစ်ပြီး ယင်းတို့အနက် (၅၉၈) ဦး သေဆုံးခဲ့ရပြီဖြစ်သည်။
အောက်တိုဘာလ (၁၀)ရက်နေ့ ညပိုင်းထုတ်ပြန်ချက်အရ အတည်ပြုလူနာများထဲက သေဆုံးသူ  (၃၂)ဦး ထပ်တိုး၍ သေဆုံးသူ စုစုပေါင်း (၅၉၈)ဦးအထိ တိုးလာခြင်းဖြစ်သည်။
ဆေးရုံဆင်းခွင့်ရသူ (၃၁၂)ဦး ထပ်တိုးလာ၍ လက်ရှိအချိန်ထိ ဆေးရုံဆင်းခွင့်ရသူ (၇,၀၅၀)ဦး ရှိလာပြီဖြစ်သည်။
အောက်တိုဘာလ(၁၀)ရက်နေ့တွင် ဒေသအသီးသီးမှ ဓါတ်ခွဲနမူနာပေါင်း ( ၁၆,၃၁၂ )ခုကို စစ်ဆေးရာ ယနေ့အချိန်ထိ တစ်နိုင်ငံလုံးတွင် ဓာတ်ခွဲနမူနာပေါင်း (၃၉၉,၁၅၂)ခုကို စစ်ဆေးထားပြီးဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ် မတ်လ(၂၃)ရက်နေ့မှစ၍ အောက်တိုဘာလ (၁၀)ရက်နေ့အထိ COVID 19 အတည်ပြုလူနာ စုစုပေါင်း (၂၆,၀၆၄) ဦးရှိနေပြီဖြစ်ပြီး ဆေးရုံမှဆင်းခွင့်ရသူ (၇,၀၅၀)ဦးနှင့် ကုသမှုခံယူနေဆဲလူနာ စုစုပေါင်း (၁၈,၄၁၆) ဦးရှိနေခြင်းဖြစ်သည်။
ပြည်တွင်းကူးစက်မှုကြောင့် အတည်ပြုလူနာ တိုးလာနေရာ အောက်တိုဘာလအတွင်း ရန်ကုန်တိုင်းဒေသကြီးက အတည်ပြုလူနာအများဆုံးဖြစ်နေခြင်းဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~