မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီ ကျန်ကန်တပ်စခန်းကို TNLA သိမ်းပိုက်

မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီ ကျန်ကန်တပ်စခန်းကို TNLA သိမ်းပိုက်
ဇန်နဝါရီ 5, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီ၏ ကျန်ကန်တပ်စခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၅)ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။



စစ်ကောင်စီတပ် စကခ(၂၁)နှင့် ခလရ(၂၂၃)တို့ အခြေချတပ်စွဲထားသည့် အဆိုပါ ကျန်ကန်တပ်စခန်းကို TNLAက ၁၀၂၇ စစ်ဆင်ရေးအတွင်း ဇန်နဝါရီလ (၃)ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး (၃)ရက်ကြာတွင် အလုံးစုံသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

၎င်းတပ်စခန်းအတွင်းမှ စစ်ကောင်စီ၏ လက်နက်ခဲယမ်းများနှင့် စစ်သုံးဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။ 

စစ်ကောင်စီတပ်၏ ဆင်ကင်(ကျန်ကန်)တပ်စခန်းကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်၏ မိုးမိတ်တပ်စခန်းမှ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု(၁၇)ကြိမ်နှင့် လေကြောင်းတိုက်ခိုက်မှု Jet Fighter(၂)ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News