တောင်ကြီးသို့ ပို့စစ်ထားသည့် တာချီလိတ်မြို့မှ ဓါတ်ခွဲနမူနာများထဲတွင် Covid-19 အတည်ပြုလူနာ (၂)ဦးထပ်တိုး၍ စုစုပေါင်း (၉)ဦးအထိ တွေ့ရှိထား

တောင်ကြီးသို့ ပို့စစ်ထားသည့် တာချီလိတ်မြို့မှ ဓါတ်ခွဲနမူနာများထဲတွင် Covid-19 အတည်ပြုလူနာ (၂)ဦးထပ်တိုး၍ စုစုပေါင်း (၉)ဦးအထိ တွေ့ရှိထား
ဒီဇင်ဘာ 8, 2020
By Tachileik News Agency

 

တောင်ကြီးသို့ ပို့စစ်ထားသည့် တာချီလိတ်မြို့မှ ဓါတ်ခွဲနမူနာများထဲတွင်  Covid-19 အတည်ပြုလူနာ (၂)ဦးထပ်တိုး၍ စုစုပေါင်း (၉)ဦးအထိ တွေ့ရှိထား

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းမှ ပထမအကြိမ်စစ်ဆေးပြီး ပိုးမတွေ့သူများ၏ ဓါတ်ခွဲနမူနာပေါင်း (၂၈၆)ခုကို ဒုတိယအကြိမ် စစ်ဆေးခြင်းအဖြစ် တောင်ကြီးသို့ ပို့ဆောင်ထားပြီး စစ်ဆေးရာ   ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ (၈) ရက်နေ့၏ ဓါတ်ခွဲစစ်ဆေးချက်အရ (၂)ဦး ထပ်တိုးတွေ့ရှိ၍ အဆိုပါ ဓါတ်ခွဲနမူနာများထဲက ညနေ(၅)နာရီခွဲအထိ ပိုးတွေ့ရှိထားသူ (၉)ဦးအထိ ရှိနေကြောင်း သိရသည်။ 
ထပ်တိုးတွေ့ရှိရသူ အမျိုးသားနှစ်ဦးတွင် တစ်ဦးမှာ ရန်ကုန်က ပြန်လာသူဖြစ်ပြီး ကျန်တစ်ဦးမှာ ဆန်ဆိုင်း (ခ)ရပ်ကွက်က ဖြစ်ကြောင်းနှင့် ၎င်းတို့(၂)ဦးအား အထက(ဆန်ဆိုင်း)တွင်  Quarantine ထားရှိခံရသူများ ဖြစ်ကြောင်း သိရသည်။  
တာချီလိတ်မြို့တွင် Quarantine ထားပြီး ပထမအကြိမ်အဖြစ် RDT ဖြင့် စစ်ဆေးရာ ပိုးမတွေ့ရှိဘဲ ယခုအခါမှာ သတ်မှတ်ရက်အတိုင်း ဒုတိယအကြိမ် ဓါတ်ခွဲနမူနာများကို ရယူကာ  တောင်ကြီးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)သို့ ပို့စစ်ထားရာမှာ ဒီဇင်ဘာလ(၈)ရက်နေ့ ညနေပိုင်းအထိ ပိုးတွေ့သူ (၉)ဦးအထိ ရှိနေခြင်း ဖြစ်ကြောင်း ကနဦး သိရသည်။

ကျန်ရှိသည်များကို ဆက်လက် စစ်ဆေးနေဆဲဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ဒီဇင်ဘာလ (၈)ရက်နေ့ ညပိုင်း၌ ထုတ်ပြန်ပေးမည်ဖြစ်သည်။

 
တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့မှ ဒီဇင်ဘာလ (၈) ရက်နေ့အထိ COVID-19 အတည်ပြုလူနာ (၈၄) ဦးတွေ့ရှိခဲ့ပြီး ဆေးရုံမှဆင်းခွင့်ရသူ (၁၂) ဦးရှိသွားသဖြင့် ကျန် (၇၂) ဦးကို တာချီလိတ်မြို့ဆေးရုံဟောင်းနှင့် မိုးကုတ်ဝိပဿနာရိပ်သာတို့တွင် ကုသဆောင်များ၌ ထားရှိခြင်းဖြစ်သည်။

 Tachileik News Agency

 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~