တာချီလိတ် မြို့ဝင်မုဒ်ဦးတွင် ကျပ်သိန်း(၂၈၀)ကျော် တန်ဖိုးရှိ မာကျူရီမီးတိုင် စိုက်ထူ

တာချီလိတ် မြို့ဝင်မုဒ်ဦးတွင် ကျပ်သိန်း(၂၈၀)ကျော် တန်ဖိုးရှိ မာကျူရီမီးတိုင် စိုက်ထူ
စက်တင်ဘာ 4, 2020
By Tachileik News Agency
တာချီလိတ် မြို့ဝင်မုဒ်ဦးတွင် ကျပ်သိန်း(၂၈၀)ကျော် တန်ဖိုးရှိ မာကျူရီမီးတိုင် စိုက်ထူ
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ရဲ့ တာချီလိတ်  - ကျိုင်းတုံလမ်းပိုင်းထဲက တာချီလိတ်မြို့ဝင်မုဒ်ဦးဝမှာ ကျပ်သိန်း (၂၈၀)ကျော်တန်ဖိုးရှိ မာကျူရီမီးတိုင်ကို စိုက်ထူနေပြီး သာယာလှပဖို့အတွက် အလှပန်းပင်တွေနဲ့ မီးအလှတွေထပ်မံတပ်ဆင်သွားမယ်လို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ညပိုင်းအချိန်တွေမှာ ကျိုင်းတုံမြို့ဘက်ကဝင်ရောက်လာသူတွေနဲ့ တာချီလိတ်ကသွားလာသူတွေအဆင်ပြေစေဖို့ မာကျူရီမီးတိုင်ကို တပ်ဆင်ပေးတာဖြစ်ပြီး ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက်မှာလည်း လမ်းမီးတိုင်တွေထပ်မံတပ်ဆင်သွားမယ်လို့ တာချီလိတ်မြို့မီးလင်းရေးကော်မတီဥက္ကဌက ပြောပါတယ်။ 
ကျိုင်းတုံ-တာချီလိတ်-လေယာဉ်ကွင်းလမ်းဆုံမှာ ယာဉ်ကြောကြပ်တည်းမှုလျော့ချဖို့အတွက် Free Way တွေထည့်သွင်းထားပြီး လမ်းလယ်ကျွန်းတွေမှာ အလှပန်းပင်တွေစိုက်ပျိုးတာနဲ့ မီးအလှဆင်မှုတွေ ထပ်မံလုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။
Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်