မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် ဧပြီလ (၆)ရက်နေ့က ရန်ကုန် မှ တာချီလိတ်ခရီးစဉ် စီးနင်းလာသူများ တာချီလိတ်ကျန်းမာရေးဌာနသို့ အမြန်ဆက်သွယ်ရန်လိုအပ်

မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် ဧပြီလ (၆)ရက်နေ့က ရန်ကုန် မှ တာချီလိတ်ခရီးစဉ် စီးနင်းလာသူများ တာချီလိတ်ကျန်းမာရေးဌာနသို့ အမြန်ဆက်သွယ်ရန်လိုအပ်
ဧပြီ 15, 2020
By Tachileik News Agency
မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် ဧပြီလ (၆)ရက်နေ့က ရန်ကုန် မှ တာချီလိတ်ခရီးစဉ် စီးနင်းလာသူများ တာချီလိတ်ကျန်းမာရေးဌာနသို့ အမြန်ဆက်သွယ်ရန်လိုအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၆) ရက်နေ့ နေ့လယ် (၁၁)နာရီအချိန်က ရန်ကုန်မြို့မှ ပျံသန်းခဲ့သည့်  မြန်မာအမျိုးသားလေကြောင်းလိုင်း (UB-275) တွင် ရန်ကုန်မြို့၌ အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူ လိုက်ပါစီးနင်းခဲ့သည့်အတွက် အဆိုပါခရီးစဉ်ဖြင့် လိုက်ပါလာသူများ ကျန်းမာရေးဌာနသို့ အမြန်ဆုံး ဆက်သွယ်ကြရန် သတင်းထုတ်ပြန်ထားသည်။

“ရန်ကုန်က လာခဲ့တဲ့ ဆရာဝန်တစ်ယောက်က အတည်ပြုလူနာ (Case 47)  ခေါင်းမူးလို့ဆိုပြီး ကြည့်ပေးခဲ့တာပေါ့။ ပြီးတော့ ဒီကိုလာတယ်။ အဲဒီမှာ သူက ကျန်းမာရေးတော့ကောင်းနေတယ်။ ဒါပေမဲ့ သူကြည့်ပေးခဲ့တဲ့လူနာက အတည်ပြုဖြစ်သွားတော့ အသွားအလာကန့်သတ်ပြီး ဓါတ်ခွဲစစ်ဆေးလိုက်တာပေါ့။ သူနဲ့အတူ လေယာဉ်တစ်စီးထဲ စီးလာသူတွေက ကျွန်တော်တို့ကို အမြန်ဆုံး ဆက်သွယ်ဖို့လိုတယ်”ဟု တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၁၅)ရက်နေ့တွင် ပြောသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း (UB-275) ဖြင့် ဧပြီလ (၆) ရက်နေ့က ရန်ကုန် - တာချီလိတ်ခရီးစဉ် စီးနင်း လိုက်ပါလာသူ (၁၂) ဦးအနေဖြင့် ခရိုင်ပြည်သူ့ဆေးရုံကြီး၏ အရေးပေါ်ဖုန်းနံပါတ် 09-452210330 သို့ ဆက်သွယ်ကြရန် နှိုးဆော်ထားသည်။

တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံတွင် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၅) ရက်နေ့ ညနေ(၃)နာရီခွဲအထိ COVID 19 ဓါတ်ခွဲအဖြေစောင့်ဆိုင်းနေသည့် သံသယစောင့်ကြည့်လူနာ (၂) ဦး၊ နေအိမ်တွင် အသွားအလာကန့်သတ်၍ ဓါတ်ခွဲနမူနာပို့စစ်ထားသူ (၃) ဦးရှိနေခြင်းဖြစ်သည်။

ဧပြီလ (၁၅) ရက်နေ့ နံနက် (၁၀) နာရီကျော်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဓါတ်ခွဲအဖြေရလာသူများတွင် တာချီလိတ်မှ ဓါတ်ခွဲနမူပေးပို့ထားသူများအနက် အတည်ပြုလူနာ (Case 14)နှင့် ထိတွေ့ခဲ့သူ (၅)ဦး၊ မိုင်းဆတ်ဆေးရုံမှလွှဲလာပြီး တာချီလိတ်ဆေးရုံတွင် သေဆုံးသွားသည့်လူနာ (၁)ဦးတို့၏ အဖြေများပါဝင်ပြီး COVID 19 ပိုးမတွေ့ရကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~