တာခ်ီလိတ္တြင္ နယ္စပ္တံတားအပါအဝင္ ေနရာ (၃) ေနရာ၌ ေတာင္းရမ္းစားေသာက္ေနသူမ်ားကို ပူးေပါင္းအဖြဲ႔ျဖင့္ ကြင္းဆင္းစစ္ေဆးကာ စာရင္းေကာက္ယူ

တာခ်ီလိတ္တြင္ နယ္စပ္တံတားအပါအဝင္ ေနရာ (၃) ေနရာ၌ ေတာင္းရမ္းစားေသာက္ေနသူမ်ားကို ပူးေပါင္းအဖြဲ႔ျဖင့္ ကြင္းဆင္းစစ္ေဆးကာ စာရင္းေကာက္ယူ
စက်တင်ဘာ 5, 2019
By Tachileik News Agency

နယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕တြင္ ေတာင္းရမ္းစားေသာက္ေနသူမ်ားအား  ပူးေပါင္းအဖြဲ႕ျဖင့္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၅)ရက္ေန႔ ညပိုင္းက ေနရာ(၃)ေနရာ၌ လုိက္လံစစ္ေဆး စာရင္းေကာက္ယူၾကသည္။

 "လမ္းေတြေပၚမွာ ရုပ္ပ်က္ဆင္းပ်က္ အိပ္ေနတာေတြ၊ ေဆးသံုးေနတာေတြ ေတာက္ေလွ်ာက္ ေတြ႕လာရတာေပါ့။ ကၽြန္ေတာ္တို႔အေနနဲ႔ ၿမို႕သာယာသန္႔ရွင္းေရးလည္းျဖစ္ေအာင္ အလုပ္လုပ္ႏိုင္တဲ့သူဆိုရင္ အလုပ္အကိုင္ အခြင့္အလမ္းရိွေအာင္၊ အသက္ႀကီးတဲ့သူဆိုရင္ ဘိုးဘြားရိပ္သာတို႔ ဘာတို႔စီမံေပးဖို႔ရယ္၊ ကေလးေတြက်ရင္လည္း သင္တန္းေက်ာင္းေတြ၊ မိဘမဲ့ေဂဟာေတြ ပို႔ႏိုင္ေအာင္ စီစဥ္ေပးပါမယ္"ဟု စာရင္းေကာက္သည့္အဖြဲ႕တြင္ ပါဝင္သည့္   ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ပူးေပါင္းအဖြဲ႕က ျမန္မာ - ထုိင္း ခ်စ္ၾကည္ေရးတံတားအမွတ္ (၁)၊ လြတ္လပ္ေရးေက်ာက္တုိင္ႏွင့္ ရွမ္းရိုးမကြင္းအတြင္း သြားေရာက္စစ္ေဆးရာ အသက္အရြယ္စံု အမ်ိဳးသား၊ အမ်ိဳးသမီး စုစုေပါင္း လူဦးေရ (၂၀)ေက်ာ္ခန္႔ စာရင္းရရိွခဲ့ၿပီး လြတ္လပ္ေရးေက်ာက္တုိင္အနီး စစ္ေဆးရာတြင္ ဘိန္းျဖဴသံုးစြဲထားသည့္ ေဆးထိုးအပ္ကိုလည္း ေတြ႔ခဲ့ရျခင္းျဖစ္သည္။

ပူးေပါင္းအဖြဲ႕တြင္  ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္၊ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ရဲတပ္ဖဲြ႕၊ တပ္ဖဲြ႕စိတ္(၁)တာခ်ီလိတ္မွ တပ္ဖဲြ႕စိတ္မွဴး ရဲမွဴးရင္ရင္ေအးႏွင့္ တပ္ဖြဲ႔၀င္မ်ား၊ လူမႈဝန္ထမ္းဦးစီးဌာနမွ တာ၀န္ရွိသူမ်ား၊ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ တာ၀န္ရွိသူမ်ား၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ တာ၀န္ရွိသူမ်ားႏွင့္ မဇၥ်ိမလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြ ႏွင့္ တာ၀န္ရွိသူမ်ား ပါ၀င္ခဲ့ၾကေၾကာင္း သိရသည္။

သတင္း  - ဟန္စိုးထုိက္
ဓါတ္ပံု -  ေက်ာ္ဇင္ဟိန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

နယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် တောင်းရမ်းစားသောက်နေသူများအား ပူးပေါင်းအဖွဲ့ဖြင့် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့ ညပိုင်းက နေရာ(၃)နေရာ၌ လိုက်လံစစ်ဆေး စာရင်းကောက်ယူကြသည်။

 "လမ်းတွေပေါ်မှာ ရုပ်ပျက်ဆင်းပျက် အိပ်နေတာတွေ၊ ဆေးသုံးနေတာတွေ တောက်လျှောက် တွေ့လာရတာပေါ့။ ကျွန်တော်တို့အနေနဲ့ မြို့သာယာသန့်ရှင်းရေးလည်းဖြစ်အောင် အလုပ်လုပ်နိုင်တဲ့သူဆိုရင် အလုပ်အကိုင် အခွင့်အလမ်းရှိအောင်၊ အသက်ကြီးတဲ့သူဆိုရင် ဘိုးဘွားရိပ်သာတို့ ဘာတို့စီမံပေးဖို့ရယ်၊ ကလေးတွေကျရင်လည်း သင်တန်းကျောင်းတွေ၊ မိဘမဲ့ဂေဟာတွေ ပို့နိုင်အောင် စီစဉ်ပေးပါမယ်"ဟု စာရင်းကောက်သည့်အဖွဲ့တွင် ပါဝင်သည့် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပူးပေါင်းအဖွဲ့က မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၁)၊ လွတ်လပ်ရေးကျောက်တိုင်နှင့် ရှမ်းရိုးမကွင်းအတွင်း သွားရောက်စစ်ဆေးရာ အသက်အရွယ်စုံ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း လူဦးရေ (၂၀)ကျော်ခန့် စာရင်းရရှိခဲ့ပြီး လွတ်လပ်ရေးကျောက်တိုင်အနီး စစ်ဆေးရာတွင် ဘိန်းဖြူသုံးစွဲထားသည့် ဆေးထိုးအပ်ကိုလည်း တွေ့ခဲ့ရခြင်းဖြစ်သည်။

ပူးပေါင်းအဖွဲ့တွင် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)တာချီလိတ်မှ တပ်ဖွဲ့စိတ်မှူး ရဲမှူးရင်ရင်အေးနှင့် တပ်ဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ နှင့် တာဝန်ရှိသူများ ပါဝင်ခဲ့ကြကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net