တာချီလိတ်မြို့တွင် ဧပြီလ(၂)ရက်နေ့၌ စောင့်ကြည့်လူနာ (၂)ဦး ထပ်တိုး

တာချီလိတ်မြို့တွင် ဧပြီလ(၂)ရက်နေ့၌ စောင့်ကြည့်လူနာ (၂)ဦး ထပ်တိုး
ဧပြီ 2, 2020
By Tachileik News Agency
 တာချီလိတ်မြို့တွင် ဧပြီလ(၂)ရက်နေ့၌   စောင့်ကြည့်လူနာ (၂)ဦး ထပ်တိုး

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂)ရက်နေ့၌ COVID 19 စောင့်ကြည့်လူနာ (၂)ဦး ရောက်ရှိလာကြောင်း သိရသည်။

တစ်ဦးက နေ့လယ်က ရောက်လာတယ်။ ချောင်းဆိုးတယ်၊ ဖျားတယ်၊ ရင်ကြပ်တယ်၊ လည်ပင်းနာတယ်ပေါ့။ သူက ခရီးသွားရာဇဝင် မရှိပေမဲ့ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ထိုင်းကပြန်တဲ့ (၂)ယောက် လာတည်းသွားတယ်။ အဲဒီလူတွေကတော့ မိုင်းပျဉ်းပြန်သွားပြီပေါ့။ ဒါကြောင့် စောင့်ကြည့်လူနာ သတ်မှတ်လိုက်တာ။ နောက်တစ်ယောက်ကတော့ မိုင်းလင်းက သူကလည်း ရင်ကြပ်၊ ချောင်းဆိုး၊ နှာစေး အဲဒီလက္ခဏာတွေနဲ့ စောင့်ကြည့်လူနာ သတ်မှတ်ထားတာ

ဟု တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၂)ရက်နေ့ ညနေပိုင်းက ပြောသည်။

ဝမ်ကောင်းရပ်ကွက်မှ အသက် (၃၄)နှစ်အရွယ် အမျိုးသမီးသည် ရောဂါကူးစက်မှု ဖြစ်ပွားနေသည့် နေရာများသို့ သွားရောက်ဖူးခြင်း မရှိသော်လည်း ထိုင်းနိုင်ငံမှ ပြန်လာသူနှစ်ဦး နေအိမ်တွင် တည်းခိုနေထိုင်သွားခဲ့သဖြင့် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်ကာ အသက် (၂၅)နှစ်အရွယ် အမျိုးသားမှာလည်း ထိုင်းနိုင်ငံမှ ပြန်လာသူများနှင့် ထိတွေ့မှုရှိ၍ စောင့်ကြည့်လူနာများအဖြစ် သတ်မှတ်ကာ ဓါတ်ခွဲအဖြေပို့စစ်သွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံတွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၁၆)ရက်နေ့မှစ၍ ဧပြီလ (၁)ရက်နေ့အထိ စောင့်ကြည့်လူနာ စုစုပေါင်း (၂၅)ဦးကို ဓါတ်ခွဲနမူနာပို့စစ်ရာ ပိုးမတွေ့ရကြောင်း အဖြေရထားပြီးဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~