တာချီလိတ်မြို့မှ COVID 19 ဒေသတွင်း ကူးစက်လူနာ (၆) ဦး ဆေးရုံမှဆင်း

တာချီလိတ်မြို့မှ COVID 19 ဒေသတွင်း ကူးစက်လူနာ (၆) ဦး ဆေးရုံမှဆင်း
ဒီဇင်ဘာ 7, 2020
By Tachileik News Agency
တာချီလိတ်မြို့မှ COVID 19 ဒေသတွင်း ကူးစက်လူနာ (၆) ဦး ဆေးရုံမှဆင်း 
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် COVID 19 ဒေသတွင်း ကူးစက်မှုအဖြစ် တွေ့ရသည့် အတည်ပြုလူနာ စုစုပေါင်း (၇၄)ဦးထဲက အမျိုးသမီး (၄)ဦးနှင့် အမျိုးသား (၂)ဦးတို့ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့နေ့လည်ပိုင်းက ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီဖြစ်၍ အိမ်ပြန်ရန် (၆၅)ဦးကျန်ရှိနေသည်။
အဆိုပါ နေအိမ်ပြန် အတည်ပြုလူနာများမှာ နိုဝင်ဘာလ (၂၇) ရက်နေ့တွင် စစ်ဆေးရာမှ အတည်ပြုလူနာအဖြစ် တွေ့ခဲ့ရသူများဖြစ်ပြီး (၁၁)ရက်မြောက်တွင် နေအိမ်သို့ ပြန်ခွင့်ရသွားသူများ ဖြစ်သည်။
မိုးကုတ်ဝိပဿနာတရားရိပ်သာ ကုသဆောင်၌ ထားသည့် အတည်ပြုလူနာ (၅)ဦးနှင့် ဆေးရုံဟောင်း ကုသဆောင်၌ထားသည့် အတည်ပြုလူနာ (၁)ဦးတို့ ဆေးရုံဆင်းခွင့်ရပြီး နေအိမ်အသီးသီး၌ (၇)ရက် အသွားအလာကန့်သတ် နေထိုင်ကြရမည်ဖြစ်သည်။
ပိုးတွေပြီးနောက် ကုသရေးစင်တာများတွင် နေထိုင်ကာ (၁၁)ရက်ပြည့်သွား၍ ယနေ့ နေအိမ်ပြန်ခွင့်ရရှိသွားသူများမှာ ဆန်ဆိုင်း(ခ)ရပ်ကွက်မှ (၄)ဦး၊ မယ်ခေါင်ရပ်ကွက်မှ (၁)ဦး နှင့် ဝိန်းကျောက်ရပ်ကွက်တို့မှ (၁)ဦး တို့ ဖြစ်သည်။
တာချီလိတ်မြို့တွင် ပထမဆုံး COVID-19 အတည်ပြုလူနာဖြစ်သည့် ပဲခူးတိုင်းဒေသကြီးမှ လမ်းလုပ်သားမှာ ဒီဇင်ဘာလ (၂) ရက်နေ့တွင် လည်းကောင်း၊ ၎င်းနှင့်ထိတွေ့ခဲ့သည့် လမ်းလုပ်သားနှင့် ဒေသတွင်းကူးစက်အဖြစ်ပထမဆုံးတွေ့ရသည့် လူနာဖြစ်သည့် 1G1 ဟိုတယ်ဝန်ထမ်းတို့ကို ဒီဇင်ဘာ (၅) ရက်နေ့တွင် လည်းကောင်း၊ ဒေသတွင်းကူးစက်ခံရသည့် လူနာ (၆) ဦးကို ဒီဇင်ဘာလ (၇) ရက်နေ့တွင် ဆင်းခွင့်ပြုလိုက်သဖြင့် ဆေးရုံဆင်းလူနာ စုစုပေါင်း (၉) ဦးရှိသွားပြီဖြစ်သည်။
တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ(၂၂)ရက်နေ့မှ ဒီဇင်ဘာလ (၇) ရက်နေ့ နေ့လယ်ပိုင်းအထိ COVID-19 အတည်ပြုလူနာ (၇၄) ဦးရှိနေပြီး (၉)ဦးမှာ ဆေးရုံဆင်းကာ နေအိမ်ပြန်ခွင့်ရရှိသွားသဖြင့်   တာချီလိတ်ဆေးရုံဟောင်းနှင့် မိုးကုတ်ဝိပဿနာရိပ်သာရှိ ကိုဗစ် စင်တာတို့တွင် (၆၅)ဦး နေအိမ်ပြန်ရန် ကျန်ရှိနေသည်။ 
  Tachileik News Agency
သတင်း၊ဓာတ်ပုံ - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~