ကျိုင်းတုံမြို့တွင် တစ်နေ့တည်း Covid-19 ကူးစက်ခံထားရသူ (၅၈)ဦး နှင့် သေဆုံးသူ (၃)ဦး ထပ်တိုး

ကျိုင်းတုံမြို့တွင် တစ်နေ့တည်း Covid-19 ကူးစက်ခံထားရသူ (၅၈)ဦး နှင့် သေဆုံးသူ (၃)ဦး ထပ်တိုး
သြဂုတ် 22, 2021 | Covid-19| ရှမ်းရှေ့

Stay at Home သတ်မှတ်ထားသည့် ကျိုင်းတုံမြို့တွင် ယနေ့ ဩဂုတ်လ(၂၂)ရက်နေ့၏ စစ်ဆေးချက်များအရ Covid-19 ကူးစက်ခံရသူ (၅၈)ဦး ထပ်တိုးသလို သေဆုံးသူ (၃)ဦးလည်း ထပ်တိုးကြောင်း သိရသည်။

ထပ်တိုးသေဆုံးသူ (၃)ဦးမှာ Covid-19 ကူးစက်ခံရပြီး ရောဂါအခံရှိ၍ ဆေးဝါးကုသမှုခံယူနေသူ  ကျိုင်းတုံမြို့ ရပ်ကွက်(၃)၊ ဈေးတန်းကြီးရပ်မှ အသက်(၇၆)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက်(၇၅)နှစ်အရွယ် အမျိုးသားတစ်ဦးအပြင် ရပ်ကွက်(၂)၊ ပါလျှံရပ်မှ အသက်(၇၀)နှစ်အရွယ် အမျိုးသားတစ်ဦးတို့  ဖြစ်ကြောင်း သိရသည်။

ယနေ့ ဩဂုတ်လ(၂၂)ရက်နေ့ တစ်နေ့တာအတွင်း ထပ်တိုးတွေ့ရသည့် (၅၈)ဦးမှာ  ရပ်ကွက်(၁)မှ (၂၃)ဦး၊ ရပ်ကွက်(၂)မှ (၈)ဦး၊ ရပ်ကွက်(၃)မှ (၇)ဦး၊ ရပ်ကွက်(၄)မှ (၈)ဦး၊ ရပ်ကွက်(၅)မှ (၆)ဦး၊ မိုင်းဇင်းကျေးရွာအုပ်စုမှ (၁)ဦး၊ နောင်ကုန်ကျေးရွာအုပ်စုမှ (၃)ဦး နှင့် စစ်ဆေးရုံမှ (၁)ဦး၊ တောင်ကြီး(အေးသာယာ)မှ (၁)ဦးတို့ ပါဝင်ကြောင်း သိရသည်။ 

ကျိုင်းတုံမြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၂၉)ရက်နေ့မှ ဩဂုတ်လ(၂၂)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ (၉၅၇)ဦးအထိရှိနေပြီး နေအိမ်ပြန်ခွင့်ရရှိသွားသူမှာ (၄၉၅)ဦးရှိပြီး၊ (၄၄၇)ဦးမှာ ကုသဆဲဖြစ်ပြီး သေဆုံးသူမှာလည်း (၁၅)ဦးအထိ ရှိနေကြောင်း သိရသည်။

ဆက်စပ်သတင်းများ