တာချီလိတ်မြို့တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းသူ၊ ကျောင်းသား (၂) ဦး ဖြေဆိုခွင့်ကတ်ပြား နေအိမ်တွင် မေ့ကျန်ခဲ့၍ ယာဉ်ထိန်းရဲတပ်ဖွဲ့က လိုက်လံပို့ဆောင် ကူညီ

တာချီလိတ်မြို့တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းသူ၊ ကျောင်းသား (၂) ဦး ဖြေဆိုခွင့်ကတ်ပြား နေအိမ်တွင် မေ့ကျန်ခဲ့၍ ယာဉ်ထိန်းရဲတပ်ဖွဲ့က လိုက်လံပို့ဆောင် ကူညီ
မတ် 17, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းသူ၊ ကျောင်းသား (၂) ဦး ဖြေဆိုခွင့်ကတ်ပြား နေအိမ်တွင် မေ့ကျန်ခဲ့၍ ယာဉ်ထိန်းရဲတပ်ဖွဲ့က လိုက်လံပို့ဆောင် ကူညီ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ (၂) ဦး ဖြေဆိုခွင့်ကတ်ပြားများ နေအိမ်တွင် မေ့ကျန်ခဲ့မှု ဖြစ်ပွားခဲ့သဖြင့် အမှတ်(၁၁၉)ယာဉ်ထိန်းတပ်ဖွဲ့စု(တာချီလိခရိုင်)က လိုက်လံ ပို့ဆောင် ကူညီပေးခဲ့ကြောင်း သိရသည်။

"ကျောင်းရှေ့တွေမှာ ရှေ့ပြေးမီးတန်းဆိုင်ကယ်၊ မီးတန်းယာဉ်တွေ ထားတယ်။ ဖြေဆိုခွင့်ကတ်ကျန်ခဲ့တာတွေ၊ အရေးပေါ် ဆေးရုံ၊ ဆေးခန်း လိုက်ပို့ကူညီနိုင်ဖို့ အသင့်ထားပေးထားတယ်"ဟု အမှတ်(၁၁၉)ယာဉ်ထိန်းတပ်ဖွဲ့စု(တာချီလိတ်ခရိုင်)မှ တပ်ဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

၂၀၂၀ ခုနှစ် မတ်လ (၁၆) ရက်နေ့က အခြေခံပညာအထက်တန်းကျောင်း အထက(ဟောင်လိတ်)စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွဲ(၁)ဖြေဆိုမည့် ကျောင်းသားဖြစ်သူ မောင်ခွန်ထွန်းအေးမှာ နေအိမ်တွင် ဖြေဆိုခွင့်ကတ်ပြား မေ့ကျန်ခဲ့ မှုဖြစ်ပွားခဲ့သဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ လိုက်လံယူဆောင်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မတ်လ (၁၇) ရက်နေ့တွင်လည်း အခြေခံပညာအထက်တန်းကျောင်း တာချီလိတ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွဲ(၁) ရူပဗေဒဘာသာရပ်ဖြေဆိုမည့် မယွန်းဝါလွင်မှာ နေအိမ်တွင် ဖြေဆိုခွင့်ကတ်ပြားမေ့ကျန်ခဲ့မှုဖြစ်ပွားခဲ့သဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ လိုက်လံယူဆောင်ပေးခဲ့ကြောင်း သိရသည်။

၂၀၂၀ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအား ၂၀၂၀ခုနှစ် မတ်လ(၁၁)ရက်မှ မတ်လ(၂၀)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~