တာခ်ီလိတ္တြင္ ၿမိဳ႕သန္႔ရွင္းေရး လူထုကိုယ္တုိင္က်င့္သံုးႏုိင္ေစရန္ ျပည္သူပါဝင္ေသာ ၿမိဳ႕သန္႔ရွင္းေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္ရြက္မည္

တာခ်ီလိတ္တြင္ ၿမိဳ႕သန္႔ရွင္းေရး လူထုကိုယ္တုိင္က်င့္သံုးႏုိင္ေစရန္ ျပည္သူပါဝင္ေသာ ၿမိဳ႕သန္႔ရွင္းေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္ရြက္မည္
စက်တင်ဘာ 6, 2019
By 🌸
နယ္စပ္ၿမိဳ႕ျဖစ္သည့္ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ျပည္သူပူးေပါင္းပါဝင္ေသာ ၿမိဳ႕သန္႔ရွင္းေရးလုပ္ငန္းမ်ား တတိယသံုးလပတ္ဆက္လက္ေဆာင္ရြက္ရန္ ဌာနဆုိင္ရာမ်ားႏွင့္ ေဒသခံမ်ား ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၆)ရက္ေန႔တြင္ အစီအစဥ္ေရးဆြဲေနၿပီျဖစ္သည္။

ဌာနဆုိင္ရာမ်ားအေနျဖင့္ အပတ္စဥ္ စေနေန႔တုိင္း ျပည္သူႏွင့္အတူ စုေပါင္းေဆာင္ရြက္ျခင္းျဖင့္ ျပည္သူႏွင့္ ဌာနဆုိင္ရာမ်ားအၾကား ရင္းႏွီးမႈရိွလာေစေရးႏွင့္ ရပ္ကြက္လုိအပ္ခ်က္ကိုလည္း ဌာနဆိုင္ရာမ်ားအေနျဖင့္ သိရိွေစရန္ ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးက ဆိုသည္။

“ျပည္သူေတြနဲ႔အတူ အမိႈက္ေကာက္ရင္းနဲ႔ ဌာနဆိုင္ရာေတြနဲ႔ ရင္းႏီွးၿပီး သူတို႔ရပ္ကြက္လိုအပ္ခ်က္ေတြကို ခ်က္ခ်င္းေဆာင္ရြက္ေပးလို႔ရတယ္။ ခ်က္ခ်င္းကြင္းဆင္းၾကည့္လို႔ရတယ္”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာက ေျပာၾကားသည္။

တတိယသံုးလပတ္ စုေပါင္းအမိႈက္ေကာက္ျခင္းကို စက္တင္ဘာလ (၇)ရက္ေန႔မွစ၍ အပတ္စဥ္ စေနေန႔တုိင္း ဆန္ဆုိင္း(ခ)ရိွ အားကစားရံု၊ အထက(ခြဲ)တာေလာ့၊ ေဟာင္လိတ္ေစ်း၊ ေတာ္ေကာ့(တြင္း)ဘုန္းႀကီးေက်ာင္း၊ ၿမိဳ႕နယ္ဓမၼာရံု၊ ဘုရင့္ေနာင္ေစ်း၊ အာခါဗုဒၶေက်ာင္း၊ ဆန္ဆိုင္း(က) ၿမိဳ႕ပတ္လမ္း၊ ဆန္ဆုိင္း(ခ) ျမတ္ေလးလမ္း၊ ပံုလို႔ဘုန္းႀကီးေက်ာင္း၊ ဝမ္ေကာင္းရပ္ကြက္ ဓမၼာရံု၊ မဟာမုနိဘုန္းႀကီးေက်ာင္းႏွင့္ မယ္ေခါင္ရပ္ကြက္ရံုးမ်ားတြင္ အစဥ္လိုက္ အပတ္စဥ္ ေဆာင္ရြက္ၾကမည္ျဖစ္သည္။

“အမိႈက္ရိွလို႔ေကာက္တာ မဟုတ္ပါဘူး။ ေဘးပတ္ဝန္းက်င္က ျပည္သူလူထုကို အသိပညာေပးခ်င္လို္႔ စုေပါင္းအမိႈက္ေကာက္တာ ျဖစ္ပါတယ္ “ ဟု တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာန အမႈေဆာင္အရာရိွ ဦးစိုင္းခြန္ေဇာ္ဦးက အစည္းအေဝးတြင္ ေျပာၾကားသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ျပည္သူပူးေပါင္းပါဝင္ေသာ ၿမိဳ႕သန္႔ရွင္းေရးလုပ္ငန္းမ်ား ေဆာင္ရြက္ျခင္း တတိယ (၃)လပတ္ ေဆာင္ရြက္ရန္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၆)ရက္ေန႔တြင္ ဌာနဆုိင္ရာမ်ား၊ ႏုိင္ငံေရးပါတီမ်ားနွင့္ ေဒသခံလူထုတုိ႔ အစည္းအေဝးက်င္းပၿပီး  လုပ္ငန္းေဆာင္ရြက္မည့္ေနရာမ်ား သတ္မွတ္ၾကသည္။

တစ္ျပည္နယ္ တစ္ၿမို႕နယ္ စီမံခ်က္ေဖၚေဆာင္ရန္ ရွမ္းျပည္နယ္တြင္း တာခ်ီလိတ္၊ ကေလာႏွင့္ လြဳ္ိင္လင္ (၃) ၿမို႕နယ္ကို ေရြးခ်ယ္ခံခဲ့ရသည့္အတြက္ တာခ်ီလိတ္ၿမိဳ႕တြင္း အပတ္စဥ္ စုေပါင္းသန္႔ရွင္းေရးအျဖစ္ ၂၀၁၉ ခုနွစ္၊ မတ္လ (၉) ရက္ေန႔တြင္ စတင္ ေဆာင္ရြက္ခဲ့ျခင္းျဖစ္ကာ ဒုတိယ (၃)လပတ္ လုပ္ငန္းေဆာင္ရြက္ၿပီးခ်ိန္တြင္ စုေပါင္းအမိႈက္ေကာက္ျခင္းအျပင္ လူေနရပ္ကြက္မ်ားတြင္ အမိႈက္ပံုးမ်ား ထားေပးျခင္းနွင့္ အေျခခံပညာေက်ာင္းမ်ားတြင္ အမိႈက္ပံုးမ်ား ထားေပးျခင္းတုိ႔ပါ ေဆာင္ရြက္ထားျခင္းျဖစ္သည္။

မိမိတို႔ၿမိဳ႕ရြာသန္႔ရွင္းေရးကို ေဒသခံမ်ားအေနျဖင့္ ေဆာင္ရြက္လာေစေရးအတြက္ ဌာနဆုိင္ရာမ်ား ဦးေဆာင္ၿပီး ပူးေပါင္းအေကာင္အထည္ေဖၚေစျခင္းျဖစ္သည္ဟု  ရွမ္းျပည္နယ္အစိုးရအဖြဲ႕ အတြင္းေရးမွဴး ဦးစိုးစိုးေဇာ္ထံမွ သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ လူေနရပ္ကြက္မ်ားနွင့္ ေခ်ာင္း၊ေျမာင္းမ်ားတြင္ စည္းကမ္းမဲ့စြန္႔ပစ္အမိႈက္မ်ားအား အပတ္စဥ္ စေနေန႔တုိင္း ဌာနဆိုင္ရာမ်ားႏွင့္ လူထုပူးေပါင္း ရွင္းလင္းေနၾကျခင္းျဖစ္သည္။

သတင္း၊ဓါတ္ပံု #ဟန္စိုးထုိက္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်တွင် မြို့သန့်ရှင်းရေး လူထုကိုယ်တိုင်ကျင့်သုံးနိုင်စေရန် ပြည်သူပါဝင်သော မြို့သန့်ရှင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည်
********
နယ်စပ်မြို့ဖြစ်သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ပြည်သူပူးပေါင်းပါဝင်သော မြို့သန့်ရှင်းရေးလုပ်ငန်းများ တတိယသုံးလပတ်ဆက်လက်ဆောင်ရွက်ရန် ဌာနဆိုင်ရာများနှင့် ဒေသခံများ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၆)ရက်နေ့တွင် အစီအစဉ်ရေးဆွဲနေပြီဖြစ်သည်။

ဌာနဆိုင်ရာများအနေဖြင့် အပတ်စဉ် စနေနေ့တိုင်း ပြည်သူနှင့်အတူ စုပေါင်းဆောင်ရွက်ခြင်းဖြင့် ပြည်သူနှင့် ဌာနဆိုင်ရာများအကြား ရင်းနှီးမှုရှိလာစေရေးနှင့် ရပ်ကွက်လိုအပ်ချက်ကိုလည်း ဌာနဆိုင်ရာများအနေဖြင့် သိရှိစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်။

“ပြည်သူတွေနဲ့အတူ အမှိုက်ကောက်ရင်းနဲ့ ဌာနဆိုင်ရာတွေနဲ့ ရင်းနှီးပြီး သူတို့ရပ်ကွက်လိုအပ်ချက်တွေကို ချက်ချင်းဆောင်ရွက်ပေးလို့ရတယ်။ ချက်ချင်းကွင်းဆင်းကြည့်လို့ရတယ်”ဟု တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောကြားသည်။

တတိယသုံးလပတ် စုပေါင်းအမှိုက်ကောက်ခြင်းကို စက်တင်ဘာလ (၇)ရက်နေ့မှစ၍ အပတ်စဉ် စနေနေ့တိုင်း ဆန်ဆိုင်း(ခ)ရှိ အားကစားရုံ၊ အထက(ခွဲ)တာလော့၊ ဟောင်လိတ်ဈေး၊ တော်ကော့(တွင်း)ဘုန်းကြီးကျောင်း၊ မြို့နယ်ဓမ္မာရုံ၊ ဘုရင့်နောင်ဈေး၊ အာခါဗုဒ္ဓကျောင်း၊ ဆန်ဆိုင်း(က) မြို့ပတ်လမ်း၊ ဆန်ဆိုင်း(ခ) မြတ်လေးလမ်း၊ ပုံလို့ဘုန်းကြီးကျောင်း၊ ဝမ်ကောင်းရပ်ကွက် ဓမ္မာရုံ၊ မဟာမုနိဘုန်းကြီးကျောင်းနှင့် မယ်ခေါင်ရပ်ကွက်ရုံးများတွင် အစဉ်လိုက် အပတ်စဉ် ဆောင်ရွက်ကြမည်ဖြစ်သည်။

“အမှိုက်ရှိလို့ကောက်တာ မဟုတ်ပါဘူး။ ဘေးပတ်ဝန်းကျင်က ပြည်သူလူထုကို အသိပညာပေးချင်လို့် စုပေါင်းအမှိုက်ကောက်တာ ဖြစ်ပါတယ် “ ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦးက အစည်းအဝေးတွင် ပြောကြားသည်။

 တာချီလိတ်မြို့တွင် ပြည်သူပူးပေါင်းပါဝင်သော မြို့သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း တတိယ (၃)လပတ် ဆောင်ရွက်ရန် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၆)ရက်နေ့တွင် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများနှင့် ဒေသခံလူထုတို့ အစည်းအဝေးကျင်းပပြီး  လုပ်ငန်းဆောင်ရွက်မည့်နေရာများ သတ်မှတ်ကြသည်။

တစ်ပြည်နယ် တစ်မြို့နယ် စီမံချက်ဖေါ်ဆောင်ရန် ရှမ်းပြည်နယ်တွင်း တာချီလိတ်၊ ကလောနှင့် လွိုင်လင် (၃) မြို့နယ်ကို ရွေးချယ်ခံခဲ့ရသည့်အတွက် တာချီလိတ်မြို့တွင်း အပတ်စဉ် စုပေါင်းသန့်ရှင်းရေးအဖြစ် ၂၀၁၉ ခုနှစ်၊ မတ်လ (၉) ရက်နေ့တွင် စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ဒုတိယ (၃)လပတ် လုပ်ငန်းဆောင်ရွက်ပြီးချိန်တွင် စုပေါင်းအမှိုက်ကောက်ခြင်းအပြင် လူနေရပ်ကွက်များတွင် အမှိုက်ပုံးများ ထားပေးခြင်းနှင့် အခြေခံပညာကျောင်းများတွင် အမှိုက်ပုံးများ ထားပေးခြင်းတို့ပါ ဆောင်ရွက်ထားခြင်းဖြစ်သည်။

မိမိတို့မြို့ရွာသန့်ရှင်းရေးကို ဒေသခံများအနေဖြင့် ဆောင်ရွက်လာစေရေးအတွက် ဌာနဆိုင်ရာများ ဦးဆောင်ပြီး ပူးပေါင်းအကောင်အထည်ဖေါ်စေခြင်းဖြစ်သည်ဟု  ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်ထံမှ သိရသည်။

တာချီလိတ်မြို့တွင် လူနေရပ်ကွက်များနှင့် ချောင်း၊မြောင်းများတွင် စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များအား အပတ်စဉ် စနေနေ့တိုင်း ဌာနဆိုင်ရာများနှင့် လူထုပူးပေါင်း ရှင်းလင်းနေကြခြင်းဖြစ်သည်။

သတင်း၊ဓါတ်ပုံ #ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net