ကယားပြည်နယ် ဒီးမော့ဆိုမြို့တွင် အခြားဒေသက လာ၍ Quarantineထားပြီး စစ်ဆေးရာ (၁၇)ဦးတွင် Covid-19 ပိုးတွေ့

ကယားပြည်နယ် ဒီးမော့ဆိုမြို့တွင် အခြားဒေသက လာ၍ Quarantineထားပြီး စစ်ဆေးရာ (၁၇)ဦးတွင် Covid-19 ပိုးတွေ့
ဒီဇင်ဘာ 8, 2020
By Tachileik News Agency

 

ကယားပြည်နယ် ဒီးမော့ဆိုမြို့တွင် အခြားဒေသက လာ၍  Quarantineထားပြီး စစ်ဆေးရာ (၁၇)ဦးတွင် Covid-19 ပိုးတွေ့
ကယားပြည်နယ် ၊ ဒီးမော့ဆိုမြို့သို့ ပဲခူးနှင့် ရန်ကုန်မှ လာရောက်သည့် ဆောက်လုပ်ရေး နှင့်လမ်းအလုပ်သမား (၁၇)ဦးကို စိုက်ပျိုးရေးသိပ္ပံတွင် Quarantine ထားကာ  ဒီဇင်ဘာလ (၈)ရက်နေ့၌  Covid-19 စစ်ဆေးရာ (၁၇)ဦး ပိုးတွေ့ရကြောင်း သိရသည်။
" သူတို့ ဝင်လာတဲ့သူတွေကို Quarantine ထားပြီးတော့ ပုံမှန်စစ်တယ်လေ။ ဒီနေ့ (၇၀)ကျော်စစ်တဲ့ထဲက နေ (၁၇)ယောက် ပိုးတွေ့တယ်။ အလုပ်သမားတွေပဲ။ ကုမ္ပဏီက လာလုပ်ကြတဲ့ ဆောက်လုပ်ရေးအလုပ်သမားတွေ လမ်းအလုပ်သမားတွေပေါ့။ သူတို့ အုပ်စုလိုက်လာကြတယ်။" ဟု ကယားပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီဌာနမှူး ဒေါက်တာဌေးလွင်က သတင်းမီဒီယာများကို အတည်ပြုပြောသည်။ 
အဆိုပါ ပိုးတွေ့ရှိသူ အတည်ပြုလူနာများမှာ ဒီဇင်ဘာလ (၄)ရက်နေ့တွင် ပဲခူးမြို့မှ လာရောက်သူ (၁၅)ဦးနှင့် ဒီဇင်ဘာလ (၆)ရက်နေ့တွင် ရန်ကုန်မြို့မှဝင်ရောက်သူ  (၂)ဦး တို့ဖြစ်ပြီး ဒီးမော့ဆိုမြို့ စိုက်ပျိုးရေးသိပ္ပံတွင် quarantine ထားကာ   RDT   ဖြင့် စစ်ဆေး၍ ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ 
ပိုးတွေ့ရှိသူ အတည်ပြုလူနာ (၁၇)ဦးမှာ ကျန်းမာရေး ကောင်းမွန်လျှက်ရှိပြီး ဒီးမော့ဆိုမြို့ တိုင်းရင်းဆေးရုံတွင် သီးခြားစောင့်ကြပ်ကုသမှုပေးလျှက်ရှိကြောင်းသိရသည်။ 
" သူတို့အားလုံးက ပိုးတွေ့တာပဲရှိတယ်။ ရောဂါလက္ခဏာ မရှိဘူး။ လူတွေက အကုန်အကောင်းတွေပဲ။ သူတို့က လတ်တလော ဘာအန္တရာယ်မှ မရှိသေးဘူး။ လိုအပ်လာရင်တော့ လွိုင်ကော်ဆေးရုံကြီး ကိုပြောင်းရွေ့ကုသပေးမယ်။"ဟု ဒေါက်တာဌေးလွင် က ပြောသည်။
ကယားပြည်နယ် တွင် ဒီဇင်ဘာလ (၈)ရက်နေ့ထိ Covid-19 ပိုးတွေ့ရှိသူ (၄၅)ဦးရှိလာပြီဖြစ်ပြီး ပိုးကင်းစင်၍ ဆေးရုံဆင်းခွင့်ရရှိသူ (၂၁)ဦးရှိ၍ လွိုင်ကော်ပြည်သူ့ ဆေးရုံကြီးတွင် ကုသမှုခံယူနေသူ (၇)ဦး နှင့် ဒီးမော့ဆိုမြို့ တိုင်းရင်းဆေးရုံတွင် ဆေးကုသမှုခံယူနေသူ (၁၇)ဦးရှိကြောင်းသိရသည်။ 
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~