တာချီလိတ်မြို့တွင်  ဇူလိုင်လ(၄)ရက်နေ့၏ တစ်နေ့တာအတွင်း Covid-19 ကူးစက်ခံထားရသူ (၂၄)ဦး တွေ့ရှိထား

တာချီလိတ်မြို့တွင်  ဇူလိုင်လ(၄)ရက်နေ့၏ တစ်နေ့တာအတွင်း Covid-19 ကူးစက်ခံထားရသူ (၂၄)ဦး တွေ့ရှိထား
ဇူလိုင် 4, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် ယနေ့ ဇူလိုင်လ(၄)ရက်နေ့ ည(၆)နာရီခွဲအချိန်အထိ Covid-19 ပိုးကူးစက်ခံထားရသူ တစ်နေ့တာအတွင်း (၂၄)ဦးအထိ တွေ့ရှိထားကြောင်း သိရသည်။ 

 

ယနေ့ ည(၆)နာရီခွဲအထိ ပိုးတွေ့ရသည့် (၂၄)ဦးတွင် အသွားအလာ ကန့်သတ်ထားသည်များအထဲက ရွှေရည်မြင့်မိုရ် မိုတယ် နှင့် လိုမာ ဟိုတယ်တို့မှ အပါအဝင် ဆေးရုံဟောင်းအတွင်းရှိ Fever Clinic သို့ လာရောက်စစ်ဆေးရာမှ ပိုးတွေ့သူသူများ ပါဝင်ရာတွင်  DAT KTV & Club  ၏ အတည်ပြုလူနာနှင့်  ထိတွေ့သူများလည်း ပါဝင်ကြောင်း သိရသည်။

တစ်နေ့တာ အနေဖြင့် ပိုးတွေ့ရသည့် (၂၄)ဦးထဲက ဆေးရုံဟောင်းသို့ လာရောက်စစ်ဆေး၍ ပိုးတွေ့သူများက ရက်ပိုင်းအတွင်း သွားလာမှု အခြေအနေများကို မေးမြန်းကာ ထိတွေ့သူများကို ဆက်လက် စုံစမ်းနေလျက်ရှိကြောင်း သိရသည်။

ယနေ့ တွေ့ရှိရသည့် အတည်ပြုလူနာများ၏ ကျန်းမာရေးအခြေအနေများကို ကြည့်ရှုပြီး မိုးကုတ်တရားရိပ်သာရှိ သီးသန့်ဆောင်သို့ ပို့ဆောင်ထားကြောင်း နှင့် အရေးပေါ် ဖြစ်လာပါက ပြောင်းရွှေ့ ကုသရန်အတွက်လည်း စီစဉ်နေကြကြောင်း သိရသည်။ 

 

ယနေ့ ဇူလိုင်လ(၄)ရက်နေ့ ည(၆)နာရီခွဲအချိန်အထိ  Covid-19 အတည်ပြုလူနာ စုစုပေါင်း (၂၄)ဦးအထိ တွေ့ရှိထားသည့် အတွက် စုစုပေါင်း (၆၉)ဦးအထိ ရှိနေသည်။

#TachileikNewsAgency