ကယားပြည်နယ်အတွင်း အာဖရိက ဝက်အပြင်းဖျားရောဂါတွေ့ရှိမှု

ကယားပြည်နယ်အတွင်း အာဖရိက ဝက်အပြင်းဖျားရောဂါတွေ့ရှိမှု
ဇူလိုင် 12, 2020
By Tachileik News Agency

ကယားပြည်နယ်အတွင်း အာဖရိက ဝက်အပြင်းဖျားရောဂါတွေ့ရှိမှု

ကယားပြည်နယ် လွိုင်ကော်မြို့နယ်အတွင်းထဲက မွေးမြူထားတဲ့ ဝက်တွေ သေဆုံးနေမှုဟာ ဓါတ်ခွဲအဖြေအရ အာဖရိက ဝက်အပြင်းဖျားရောဂါကြောင့် ဖြစ်တယ်ဆိုတာကို သိရတဲ့အတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဝက်ခြံကို သွားရောက်ပြီး သေဆုံးတဲ့ ဝက်တွေကို မြေကြီးထဲ (၆)ပေအနက် မြှုပ်တာတွေလုပ်သလို  အဝင်အထွက်မလုပ်ရန်အတွက် ထိန်းချုပ်နယ်မြေတွေအဖြစ် သတ်မှတ်ထားလိုက်ကြောင်း ကယားပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးဖြစ်သူ ဒေါက်တာသန်းအေးက ပြောပါတယ်။

အာဖရိက ဝက်အပြင်းဖျားရောဂါ ကူးစက်မှုတွေ မဖြစ်စေဖို့ ဝက်တွေကို လွတ်ထားတာမျိုးမလုပဲ  ခြံနဲ့မွေးဖို့ ထုံးဖြူးဖို့ လိုကြောင်း တိုက်တွန်းထားပါတယ်။

ဝက်မွေးမြူသူများအတွက်ကတော့ အခုလိုမျိုး ဝက်ရောဂါတွေဖြစ်လာတဲ့အခါ ဆုံးရှုံးမှုတွေ မဖြစ်ပေါ်စေနဲ့ ကူးစက်မှုတွေ ပိုမိုမဖြစ်ပွားစေဖို့အတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေနဲ့ သတင်းထုတ်ပြန်မှုအပိုင်းကို မြန်ဆန်ဖို့လိုတယ်လို့ မွေးမြူးရေးလုပ်ငန်းသူတစ်ဦးက ပြောပါတယ်။

ကယားပြည်နယ်အတွင်း ဘယ်ဒေသမှာ ဖြစ်ဖြစ် ဝက်တွေသေတယ် အာဖရိက ဝက်အပြင်းဖျားရောဂါဖြစ်တယ်လို့ ကြားတာနဲ့ ချက်ချင်းပဲ ဖြစ်တဲ့နေရာကို သွားရောက် ကြည့်ရှုပြီး လိုအပ်ရင် ဓါတ်ခွဲတွေယူသွားမှာ ဖြစ်ကြောင်း ပြည်နယ်ဦးစီးမှူး ဒေါက်တာသန်းအေးက ပြောပါတယ်။၊

ကယားပြည်နယ်အတွင်းထဲက အချို့  ကျေးရွာတွေမှာ ၂၀၂၀ခုနှစ် ဇွန်လနောက်ဆုံးပတ်ကနေ စပြီး ဝက် များဟာ ဖျားနာသေဆုံးနေမှုများ ရှိခဲ့တာဖြစ်ပါတယ်။
 
Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး  - ဆန်းဖြိုးထွန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~