မြန်မာဘက်သို့ ပို့မည်ဟု ယူဆသည့် လက်နက်များ ထိုင်းနိုင်ငံ မယ့်လမတ်မြို့တွင် ထိုင်းရဲက ဖမ်းမိ

မြန်မာဘက်သို့ ပို့မည်ဟု ယူဆသည့် လက်နက်များ ထိုင်းနိုင်ငံ မယ့်လမတ်မြို့တွင် ထိုင်းရဲက ဖမ်းမိ

 ထိုင်းနိုင်ငံ တက်ခ်ခရိုင် မယ့်လမတ်မြို့နယ်တွင် မြန်မာနိုင်ငံဘက်သို့ ပို့မည်ဟု ယူဆရသည့် လက်နက်ခဲယမ်းအချို့ကို ဖမ်းဆီးရမိကြောင်း သိရသည်။

အဆိုပါ လက်နက်များကို စာတိုက်မှ ပို့လာခြင်းဖြစ်ပြီး ပါဆယ်ထုပ်မှာ ပုံမှန်ထက် ပိုလေးနေသည့်အတွက် စစ်ဆေးရာမှ လက်နက်ခဲယမ်းများကို တွေ့ရခြင်းဖြစ်ပြီး ပါဆယ်ထုပ်မှ ပစ္စည်းပေးပို့သူနှင့် လက်ခံသူအမည်၊ လိပ်စာများအတိုင်း ထပ်မံစစ်ဆေးရာမှ လက်နက်ခဲယမ်းအချို့ကို ထပ်မံ သိမ်းဆည်းရမိသည်ဟု သိရသည်။

မယ့်လမတ်မြို့ထဲတွင်လည်း ပါဆယ်လာထုတ်သည်ဟု ယူဆရသည့် သံသယဖြစ်ဖွယ် အမျိုးသား (၃) ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ယင်းအပြင် ပေးပို့သူ လိပ်စာအတိုင်း နေအိမ်ကို သွားရောက်ရှာဖွေရာ နောက်ထပ် လက်နက်ခဲယမ်းများကို ထပ်မံဖမ်းမိသဖြင့် စုစုပေါင်း သေနတ် (၇) လက်နှင့် ကျည်ကပ် (၁၂) ခုကို သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Mae Sot Media