ထိုင်းနိုင်ငံတွင် အွန်လိုင်းမှ လက်နက်ရောင်းသူများကို သေနတ် အလက်ပေါင်း (၃၅၀၀)၊ ကျည်(၁)သန်းနှင့်အတူ ဖမ်းမိ

 ဖမ်းဆီးရမိသည့် လက်နက်များနှင့်အတူ ထိုင်းရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် Photo: Chakrapan Natanri
ဖမ်းဆီးရမိသည့် လက်နက်များနှင့်အတူ ထိုင်းရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် Photo: Chakrapan Natanri
ထိုင်းနိုင်ငံတွင် အွန်လိုင်းမှ လက်နက်ရောင်းသူများကို သေနတ် အလက်ပေါင်း (၃၅၀၀)၊ ကျည်(၁)သန်းနှင့်အတူ ဖမ်းမိ
သြဂုတ် 12, 2021 | နိုင်ငံတကာသတင်း

ထိုင်းနိုင်ငံ ခုမ်ကန်နှင့် ချင်းရိုင်းတွင် အွန်လိုင်းမှ လက်နက်ရောင်းသူ (၃) ဦးကို သေနတ်အလက်ပေါင်း (၃၅၀၀)၊ ကျည်အတောင့်ရေ (၁) သန်းနီးပါးနှင့်အတူ ၂၀၂၁ ခုနှစ် ဩဂုတ်လ (၁၁) ရက်နေ့က ဖမ်းမိသည်ဟု သိရသည်။

အဆိုပါ လက်နက်ခဲယမ်းများကို ခရိုင်နှစ်ခုရှိ နေရာ (၅) ခုတွင်ခွဲ၍ သိမ်းဆည်းထားခြင်းဖြစ်ပြီး သိမ်းဆည်းရမိသည့်လက်နက်ခဲယမ်းများတန်ဖိုးမှာ ဘတ်သန်း (၅၀) ဝန်းကျင်တန်ဖိုးရှိသည်ဟု သိရသည်။

လက်နက်ရောင်းဝယ်သည့် အသက် (၃၈)နှစ်အရွယ် အမျိုးသား (၁) ဦးကို ခုမ်ကန်တွင် ဖမ်းမိပြီး ကျန် (၄၃)နှစ်အရွယ် အမျိုးသား (၂) ဦးကို ချင်းရိုင်းတွင် ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

ခုမ်ကန်တွင်ဖမ်းမိသည့် အမျိုးသား၏နေအိမ်မှ ရိုင်ဖယ်အလက်ပေါင်း (၁၄၁၄)လက်၊ ပစ္စတိုအလက်ပေါင်း (၁၂၂) လက်နှင့် ခဲယမ်း (၉၂၀,၀၀၀)ကို သိမ်းဆည်းရမိပြီး ချင်းရိုင်းရှိ လေသေနတ်ဆိုင် နှစ်ဆိုင်မှ ရိုင်ဖယ် (၁၇၈၆) လက်၊ ပစ္စတို (၂၂၄) လက်နှင့် ကျည်တောင့်ရေ (၅၇,၅၀၀) ကိုဖမ်းမိသည်ဟု သိရသည်။

အင်ဒိုနီးရှား၊ ဆွီဒင်၊ အမေရိကန်ပြည်ထောင်စု၊ တူရကီ၊ စပိန်နှင့် တရုတ်နိုင်ငံတို့မှ လက်နက်များကို နိုင်ငံတွင်းခိုးသွင်း ရောင်းချနေခြင်းဖြစ်သည်ဟု သိရသည်။

လက်နက်အရောင်း ဝက်ဘ်ဆိုဒ်တွင် ကြော်ငြာရောင်းချနေခြင်းဖြစ်ပြီး ဝယ်ယူလိုသူများက Line မှတစ်ဆင့် မှာယူကာ ဘဏ်ငွေချေစနစ်ဖြင့် ရောင်းချသည်ဟု သိရသည်။

အဆိုပါအဖွဲ့က လက်နက်ရောင်းချနေသည်မှာ (၅) နှစ်ရှိနေပြီဖြစ်ပြီး နိုင်ငံတစ်ဝန်း ဝယ်ယူသူ (၅) သောင်းဝန်းကျင်ရှိနေကာ နေ့စဉ် လက်နက်ကို ရာနှင့်ချီ၍ ရောင်းနေရသည်ဟု သိရသည်။

 

လက်နက်ထုတ်ကုန်မိတ်ဆက်ရှင်းလင်းခြင်းကို youtube တွင် တင်လေ့ရှိသည်ဟု သိရသည်။

#TachileikNewsAgency

Source: Bangkok Post