မိုင်းတုံမြို့မှ အတည်ပြုလူနာ ဆေးရုံဆင်းဖြစ်ပြီး၍ ရှမ်း(အရှေ့)တွင် နိုဝင်ဘာလ(၁၆)ရက်နေ့အထိ Covid-19 လူနာ မရှိ

မိုင်းတုံမြို့မှ အတည်ပြုလူနာ ဆေးရုံဆင်းဖြစ်ပြီး၍ ရှမ်း(အရှေ့)တွင် နိုဝင်ဘာလ(၁၆)ရက်နေ့အထိ Covid-19 လူနာ မရှိ
နိုဝင်ဘာ 16, 2020
By Tachileik News Agency
မိုင်းတုံမြို့မှ အတည်ပြုလူနာ ဆေးရုံဆင်းဖြစ်ပြီး၍ ရှမ်း(အရှေ့)တွင် နိုဝင်ဘာလ(၁၆)ရက်နေ့အထိ Covid-19 လူနာ မရှိ 
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်အတွင်း မိုင်းတုံမြို့တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့က စတင်ကုသပေးနေသည့် COVID 19 အတည်ပြုလူနာသည် နိုဝင်ဘာလ (၁၆)ရက်နေ့၌ ဆေးရုံဆင်းပြီဖြစ်၍ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ အတွင်း နိုဝင်ဘာလ(၁၆)ရက်နေ့အထိ အတည်ပြုလူနာ တစ်ဦးမှ မရှိတော့ကြောင်း သိရသည်။ 
“ဒီနေ့ပဲ ဆေးရုံဆင်းသွားပါပြီ။ မိုင်းတုံမှာ တခြားဒေသက ပြန်လာလို့ quarantine ထားတဲ့သူ (၃)ယောက်ပဲရှိတော့တယ်”ဟု မိုင်းတုံပြည်သူ့ဆေးရုံအုပ် ဒေါက်တာသက်ခိုင်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာလ(၁၆)ရက်နေ့တွင် ပြောသည်။
မိုင်းတုံမြို့မှ ဆေးရုံဆင်းသွားသည့် အတည်ပြုလူနာမှာ နမ့်စန် - နားကောင်းမူ ကုန်စိမ်းသယ်နေသည့်  ကုန်တင်ယာဉ်မောင်းတစ်ဦးဖြစ်ပြီး မြို့အဝင်တွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား RDT ဖြင့် စစ်ဆေးရာမှ နိုဝင်ဘာလ (၄)ရက်နေ့က Positive တွေ့ရခြင်းဖြစ်သည်။
ဆေးရုံဆင်းသွားသည့် ပိုးတွေ့လူနာမှာ မိုင်းတုံမြို့တွင် တတိယမြောက်တွေ့ရသည့် အတည်ပြုလူနာဖြစ်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် (၁၄)ယောက်မြောက်တွေ့ရသည့် အတည်ပြုလူနာဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက် 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~