မိုင်းယန်းမြို့မှ ပြည်သူများ တာချီလိတ်မြို့သို့ အလည်မသွားရန် နှင့် မဖြစ်မနေ သွားမည်ဆိုပါက အပြန်တွင် Quarantine ဝင်ရမည်

မိုင်းယန်းမြို့မှ ပြည်သူများ တာချီလိတ်မြို့သို့ အလည်မသွားရန် နှင့် မဖြစ်မနေ သွားမည်ဆိုပါက အပြန်တွင် Quarantine ဝင်ရမည်
ဒီဇင်ဘာ 2, 2020
By Tachileik News Agency
မိုင်းယန်းမြို့မှ ပြည်သူများ တာချီလိတ်မြို့ကို အလည်မသွားရန် နှင့် မဖြစ်မနေ သွားမည်ဆိုပါက အပြန်တွင် Quarantine ဝင်ရမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်းမှ ပြည်သူများအား Covid-19 ကူးစက်ဖြစ်ပွားမှုရှိနေသည့် တာချီလိတ်မြို့နယ်တွင်းသို့ အလည်မသွားရန်နှင့် မဖြစ်မနေ သွားရောက်မည်ဆိုပါကလည်း အပြန်တွင် facility quarantine ဝင်ရမည်ဖြစ်ကြောင်း မိုင်းယောင်းမြို့နယ် Covid-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီမှ ဒီဇင်ဘာလ (၁)ရက်နေ့က အသိပေးပန်ကြားလိုက်သည်။

မိုင်းယန်းမြို့နယ်အတွင်းမှ ပြည်သူများအနေဖြင့် တာချီလိတ်မြို့နယ်အတွင်းသို့ မဖြစ်မနေ သွားရောက်မည်ဆိုပါက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ခရီးသွားထောက်ခံချက် ယူဆောင်သွားကြရန်လိုအပ်မည်ဖြစ်ပြီး အပြန်တွင်လည်း ကော်မတီက သတ်မှတ်သည့် facility quarantine အစီအစဉ်ကိုလည်း လိုက်နာရမည်ဖြစ်ကြောင်း အသိပေးကြေညာထားခြင်း ဖြစ်သည်။
တာချီလိတ်မြို့သို့ လာမည်ဆိုပါကလည်း မည်သည့်ဒေသက လာသူမဆို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်လိုအပ်မည်ဖြစ်ပြီး တာချီလိတ်မြို့အဝင် မယ်ယန်း Covid-19 စစ်ဆေးရေးစခန်းတွင် စစ်ဆေးနေလျက်ရှိသည်။

တာချီလိတ်မြို့ပေါ် ရပ်ကွက်ပေါင်း (၁၁)ခုအနက် (၉)ခု နှင့် ကျေးရွာအုပ်စု (၃)စုတို့တွင် ၂၀၂၀ခုနှစ် ဒီဇင်ဘာလ(၁)ရက်နေ့အထိ မြို့နယ်တွင်း ကူးစက်သည့် Covid-19 အတည်ပြုလူနာ (၄၆)ဦး နှင့် အခြားဒေသက လာ၍ စစ်ဆေးတွေ့ရှိရသည့် (၄)ဦး အပါအဝင် စုစုပေါင်း (၅၀)ဦးအထိ ရှိနေပြီဖြစ်ပြီး လက်ရှိတွင် (၅၀)ဦးလုံးမှာ ကုသမှု ခံယူနေဆဲ ဖြစ်သည်။

Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~