တာချီလိတ်မြို့ ရီဂျီးနားဂေါက်ကွင်းအဆင်းလမ်းတွင် ဆိုင်ကယ်အရှိန်လွန်တိမ်းမှောက်၍ လူငယ်တစ်ဦးသေဆုံး

တာချီလိတ်မြို့ ရီဂျီးနားဂေါက်ကွင်းအဆင်းလမ်းတွင် ဆိုင်ကယ်အရှိန်လွန်တိမ်းမှောက်၍ လူငယ်တစ်ဦးသေဆုံး

တာချီလိတ်မြို့ ရီဂျီးနားဂေါက်ကွင်းအဆင်းလမ်းတွင်  ဧပြီလ(၂၅)ရက်နေ့ ည(၁၀)နာရီဝန်းကျင်က ဆိုင်ကယ်တစ်စီး အရှိန်လွန်တိမ်းမှောက်ပြီး လူငယ်တစ်ဦး ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရသည်။

ရီဂျီးနားဂေါက်ကွင်း အဆင်းလမ်းတွင် ဆိုင်ကယ်တစ်စီးမှာ အရှိန်လွန်တိမ်းမှောက်ပြီး ဆိုင်ကယ်တွင်ပါရှိသည့်  မောင်သန့်ဇင်ထွန်း နှင့် မောင်ဟိန်းကိုကိုတို့သည့် လဲကျနေရာ တာချီလိတ်နာရေးကူညီမှုအသင်းမှ သွားရောက်ကူညီပြီး ဆေးခန်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အရှိန်လွန်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရထားသည့် လူငယ်(၂)ဦးအနက် အသက်(၁၇)နှစ်အရွယ် မောင်သန့်ဇင်ထွန်းမှာ ဦးခေါင်းပြင်းထန်ဒဏ်ရာကြောင့် ဆေးခန်းရောက်သည့်အချိန်တွင် သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသူ၏ ရုပ်အလောင်းအား တာချီလိတ်နာရေးကူညီမှုအသင်းက ဝမ်ကောင်းရပ်ကွက်ဓမ္မာရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဓါတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း