တာချီလိတ်မြို့ရှိ ဆေးရုံဟောင်းအတွင်း ဒီဇင်ဘာလ(၈)ရက်နေ့ နံနက်ပိုင်း လာစစ်သူ (၁၂)ဦးရှိရာ အားလုံးတွင် Covid-19 ပိုးမတွေ့

တာချီလိတ်မြို့ရှိ ဆေးရုံဟောင်းအတွင်း ဒီဇင်ဘာလ(၈)ရက်နေ့ နံနက်ပိုင်း လာစစ်သူ (၁၂)ဦးရှိရာ အားလုံးတွင် Covid-19 ပိုးမတွေ့
ဒီဇင်ဘာ 8, 2020
By Tachileik News Agency
တာချီလိတ်မြို့ရှိ ဆေးရုံဟောင်းအတွင်း ဒီဇင်ဘာလ(၈)ရက်နေ့ နံနက်ပိုင်း လာစစ်သူ (၁၂)ဦးရှိရာ အားလုံးတွင် Covid-19 ပိုးမတွေ့
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊  တာချီလိတ်မြို့ရှိ တာချီလိတ်ဆေးရုံဟောင်းအတွင်း Covid-19 စစ်ဆေးပေးနေသည့် Fever Clinic တွင် ၂၀၂၀ခုနှစ် ဒီဇင်ဘာလ(၈)ရက်နေ့ နံနက်ပိုင်း(၁၀)နာရီခွဲအထိ စုစုပေါင်း (၁၂)ဦးလာရောက် စစ်ဆေးမှု ခံယူခဲ့ရာ အားလုံးတွင် ပိုးမတွေ့ကြောင်း သိရသည်။
" (၁၂)ယောက် စစ်တယ်။ Negative ပါ၊ အခု ပိတ်ပါပြီ၊ ဒီနေ့အတွက်ကတော့ မယ်ယန်းဂိတ်မှာ စစ်တာပဲရှိတော့မယ်"ဟု တာချီလိတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်(၁) ဦးဇော်လင်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့  ပြောသည်။
Fever Clinic သို့ နံနက်ပိုင်း လာရောက်စစ်ဆေးမှု ခံယူသူများတွင် Covid-19 ပိုးမတွေ့ရသော်လည်း၊ နေ့စဉ် တစ်နေ့ နှစ်ကြိမ် စစ်ဆေးပေးနေသည့် မယ်ယန်း Covid-19 စစ်ဆေးရေးစခန်းမှ စစ်ဆေးနေမှုတွင်လည်း တွေ့ရှိနိုင်သလို Lockdown သတ်မှတ်ထားသည့် နေအိမ်များမှ အသွားအလာ ကန့်သတ်ထားသူများ နှင့် quarantine ထားသူများ ရုတ်တရက် ရောဂါလက္ခဏာပြလာပါက တွေ့ရှိရနိုင်ကြောင်း သိရသည်။

တာချီလိတ်ဆေးရုံဟောင်းအတွင်း Fever Clinic တွင် နေ့စဉ် နံနက်(၇)နာရီမှ နံနက်(၁၀)နာရီအထိ တစ်ဦးလျှင် စစ်ဆေးခ ကျပ်(၁၀,၀၀၀)သတ်မှတ်ပြီး စစ်ဆေးနေရာ ဒီဇင်ဘာလ(၇)ရက်နေ့ နှင့် (၈)ရက်နေ့တို့တွင် လာရောက်စစ်ဆေးမှု ခံယူသူအားလုံးတွင်  ပိုးမတွေ့ရခြင်း ဖြစ်သည်။

ဒီဇင်ဘာလ(၇)ရက်နေ့က  Fever Clinic သို့ လာရောက်စစ်ဆေးမှု ခံယူသူများတွင် မတွေ့ရသော်လည်း Lockdown ထားမှတ်ထားသည့် နေအိမ်မှ အမျိုးသမီးတစ်ဦး နေ့လည်ပိုင်းတွင် ရုတ်တရက် အသက်ရှုကြပ်၍  စစ်ဆေးရာက Covid-19 ပိုးတွေ့ရှိခဲ့သည်။
တာချီလိတ်မြို့တွင် နိုဝင်ဘာလ(၂၂)ရက်နေ့မှ ဒီဇင်ဘာလ (၈) ရက်နေ့အထိ အတည်ပြုလူနာတွေ့ရှိမှု (၇၄) ဦးအထိ ရှိလာပြီဖြစ်ပြီး (၉)ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရသွားပြီဖြစ်၍ လက်ရှိတွင် (၆၅)ဦး နေအိမ်ပြန်ရန် ကျန်ရှိနေသည်။  
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~