မိုင်းယောင်းမြို့နယ်ရှိ Facility Quarantine Centre များအတွက် မာတီဆာမှ တစ်ကိုယ်ရေးသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်း

မိုင်းယောင်းမြို့နယ်ရှိ Facility Quarantine Centre များအတွက် မာတီဆာမှ တစ်ကိုယ်ရေးသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်း
ဒီဇင်ဘာ 12, 2020
By Tachileik News Agency
မိုင်းယောင်းမြို့နယ်ရှိ Facility Quarantine Centre များအတွက် မာတီဆာမှ တစ်ကိုယ်ရေးသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်း
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မာတီဆာ (Malteser International) ကျိုင်းတုံမှ မိုင်းယောင်းမြို့နယ်ရှိ Facility Quarantine Centre အသီးသီးအတွက် ထောက်ပံ့လှူဒါန်းသည့် လက်ဆေးဘေစင်များနှင့် တစ်ကိုယ်ရေးသုံးပစ္စည်းများကို  Quaratine ဝင်နေသူများအား လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးနှင့် တပ်ဖွဲ့ဝင်များက မိုးလုံလေလုံအားကစားရုံ Facility Quarantine Centre၊ အ.လ.က(တပ်တွင်း)နှင့် သက်ဆိုင်ရာကျေးရွာ အ.မ.က(ကျောင်း) Facility Quarantine Centre များတွင် Quaratine ဝင်နေသူ ၁၈၀ ကျော်အား နှာခေါင်းစည်း(Mask)များ၊ Colouring Book (ဗလာစာအုပ်)၊ Colouring Pen(ဖောင်တိန်)၊ ဆပ်ပြာ၊ First Ad kids စသည့်ပစ္စည်းများနှင့် အမျိုးသမီးများအတွက် အမျိုးသမီးသုံးပစ္စည်းများကို ဒီဇင်ဘာလ(၁၁)ရက်နေ့ ညနေပိုင်းက လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်တွင် ဒီဇင်ဘာ (၄)ရက်နေ့ကစ၍ COVID-19 အတည်ပြုလူနာ စတင်တွေ့ရှိလာပြီး ဒီဇင်ဘာ (၁၂)ရက်နေ့အထိ အတည်ပြုလူနာ (၈)ဦးအထိရှိရာ  ဝမ်ဇလီလော်ကျေးရွာ၊ မြို့နယ်ဝန်ထမ်းအိမ်ရာ လေးထပ်တိုက်ဆေးကုသဆောင်၌ ထားရှိကာ စောင့်ကြည့်ကုသပေးနေလျက်ရှိပြီး အားလုံးမှာ ကျန်းမာရေးကောင်းမွန်နေလျက်ရှိကြောင်း သိရသည်။
မိုင်းယောင်းမြို့တွင် တာချီလိတ်မြို့က ပြန်လာသည့် အမျိုးသမီး (၅)ဦးအား စစ်ဆေးရာမှ Covid-19 ပိုးတွေ့ရှိခြင်း ဖြစ်ပြီး ၎င်းတို့နှင့် ထိတွေ့မှုရှိသည့် အမျိုးသား(၃)ဦးတွင်လည်း Covid-19 ပိုးတွေ့ရှိ၍ ဒေသတွင်းကူးစက်မှုအဖြစ် သတ်မှတ်ကာ ထိန်းချုပ်နိုင်ရေးအတွက် ဆောင်ရွက်နေပြီး ဒေသတွင်းမှ မည်သူမဆို မိမိကိုယ်ကိုယ် Covid-19 ကူးစက်ခံရကြောင်း သံသယရှိလျှင် လာရောက် စစ်ဆေးနိုင်ရန်အတွက် မိုင်းယောင်းမြို့၊ အမှတ်(၉)ရပ်ကွက်တွင် Fever Clinic ကို ဒီဇင်ဘာလ(၁၉)ရက်နေ့ကစ၍ ဖွင့်လှစ်ပေးထားကြောင်း သိရှိရသည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - အားချာ
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~