မိုင်းယုမြို့တွင် Covid-19 ကူးစက်ခံရသူ (၄)ဦး ထပ်တိုး၍ (၂၉)ဦးအထိ ရှိလာ

မိုင်းယုမြို့တွင် Covid-19 ကူးစက်ခံရသူ (၄)ဦး ထပ်တိုး၍ (၂၉)ဦးအထိ ရှိလာ
သြဂုတ် 2, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်အတွင်း၊ မိုင်းယုမြို့တွင် Covid-19 ကူးစက်ခံရသူ (၄)ဦး ထပ်တိုး၍ ဩဂုတ်လ(၁)ရက်နေ့အထိ Covid-19 ကူးစက်ခံရသူ (၂၉)ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

၂၀၂၁ခုနှစ် ဩဂုတ်လ(၁)ရက်နေ့ ညနေပိုင်းက မိုင်းယုမြို့တွင် Covid-19 ကူးစက်ခံထားရသူနှင့် ထိတွေ့မှုရှိခဲ့သူ အပါအဝင် မိမိဆန္ဒအလျောက် လာရောက်စစ်ဆေးမှုခံယူသူ စုစုပေါင်း (၄၄)ဦးကို စစ်ဆေးရာက (၄)ဦးတွင် ထပ်မံတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ပိုးတွေ့ရသူ (၄)ဦးမှာ အမျိုးသား(၂)ဦး နှင့် အမျိုးသမီး (၂)ဦးတို့ ပါဝင်ပြီး (၄)ဦးအနက် (၂)ဦးမှာ ရောဂါလက္ခဏာပြပြီး ကျန်(၂)ဦးမှာ ရောဂါလက္ခဏာမပြကြောင်း သိရသည်။

မိုင်းယုမြို့၏ Covid-19 တတိယလှိုင်းကို ၂၀၂၁ခုနှစ် ဇူလိုင်လ(၂၂)ရက်နေ့က စတင်ခဲ့ရာ ဩဂုတ်လ(၁)ရက်နေ့ ညနေပိုင်းအချိန်အထိ အမျိုးသမီး (၁၄)ဦး နှင့် အမျိုးသား(၁၅)ဦး  စုစုပေါင်း Covid-19 ကူးစက်ခံထားရသူ  (၂၉)ဦး အထိရှိလာဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency