COVID 19 ရောဂါစမ်းသပ်မှု မြှင့်တင်ဆောင်ရွက်နိုင်ရန် စမ်းသပ်ကိရိယာ (၂၀,၀၀၀)ကျော် ကုလပံ့ပိုး

ဧပြီ 14, 2020
By Tachileik News Agency

COVID 19 ရောဂါစမ်းသပ်မှု မြှင့်တင်ဆောင်ရွက်နိုင်ရန် စမ်းသပ်ကိရိယာ (၂၀,၀၀၀)ကျော် ကုလပံ့ပိုး

မြန်မာနိုင်ငံတွင် COVID-19 ရောဂါစမ်းသပ်မှု ကြိမ်ရေ (၂၀,၀၀၀) လုပ်ဆောင်ရန် လိုအပ်သည့်ပစ္စည်းများ၊ ခွဲစိတ်ခန်းသုံး လက်အိတ် (၁၅၀,၀၀၀)နှင့် ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း (၅၀၀,၀၀၀) ကို ကုလသမဂ္ဂ စီမံကိန်းလုပ်ငန်းများဆိုင်ရာရုံး (UNOPS) ၏ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရန်ပုံငွေဖြင့် ပံ့ပိုးထားကြောင်း သိရသည်။

“အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနဟာ ကုသရေးနဲ့ ရောဂါကူးစက်ပြန့်ပွားမှုကွင်းဆက်ကို ဖြတ်တောက် ရာမှာ အထောက်အကူပြုနေပြီး ရောဂါရှာဖွေရေးနဲ့ သီးခြားထားရှိကုသရေးတို့အတွက် အလွန်အရေးပါတဲ့အခန်း ကဏ္ဍမှာရှိနေပါတယ်။ အလှူရှင်နိုင်ငံတွေဖြစ်ကြတဲ့ ယူနိုက်တက်ကင်းဒမ်း၊ ဆွီဒင်၊ အမေရိကန်ပြည် ထောင်စုနဲ့ ဆွစ်ဇာလန်တို့ရဲ့ကိုယ်စား မြန်မာနိုင်ငံသူနိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ဖို့ အစိုးရရဲ့ကြိုးပမ်း ဆောင်ရွက်မှုမှာ အခုလိုပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်” ဟု ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရန်ပုံငွေ၏ ရန်ပုံငွေဒါရိုက်တာ မစ္စတာ Oren Ginzburg ကပြောကြားသည်။

ကုလသမဂ္ဂ စီမံကိန်းလုပ်ငန်းများဆိုင်ရာရုံး (UNOPS) ၏ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရန်ပုံငွေ (Access to Health Fund) မှ အမေရိကန်ဒေါ်လာ (၇၀၀,၀၀၀) ပံ့ပိုးမှုဖြင့် COVID-19 ရောဂါစမ်းသပ်မှု ကြိမ်ရေ (၂၀,၀၀၀) လုပ်ဆောင်ရန် လိုအပ်သည့်ပစ္စည်းများဖြစ်သည့် Polymerase Chain Reaction (PCR) စမ်းသပ်ပစ္စည်း (၅,၀၀၀) နှင့် Viral Transport Media Tubes ဖန်ပြွန် (၁၀,၀၀၀)တို့ မြန်မာနိုင်ငံသို့ ရောက်ရှိထားပြီး ခွဲစိတ်ခန်းသုံးလက်အိတ် (၁၅၀,၀၀၀) နှင့် ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း (၅၀၀,၀၀၀)တို့ကိုလည်း မြန်မာနိုင်ငံရှိ ကျန်းမာရေးဝန်ထမ်းများအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထံသို့ ပေးအပ်သွား မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~