မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် ရုံးအဖွဲ့ (၁၅၀) ကို စစ်ဆေးရာ COVID 19 ကူးစက်ခံထားရသူ (၁)ဦးတွေ့

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် ရုံးအဖွဲ့ (၁၅၀) ကို စစ်ဆေးရာ COVID 19 ကူးစက်ခံထားရသူ (၁)ဦးတွေ့
ဒီဇင်ဘာ 11, 2020
By Tachileik News Agency
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် ရုံးအဖွဲ့  (၁၅၀) ကို စစ်ဆေးရာ COVID 19 ကူးစက်ခံထားရသူ (၁)ဦးတွေ့
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် ရုံးအဖွဲ့ (၁၅၀)ကို  ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်နေ့က COVID 19 စစ်ဆေးရာ ဝန်ထမ်း (၁)ဦးတွင် ပိုးတွေ့ရပြီး ကျန်စစ်ဆေးသူအားလုံးတွင် ပိုးမတွေ့ရကြောင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
“ဒီဇင်ဘာလ (၁၀) ရက်နေ့က တိုင်းအစိုးရအဖွဲ့က ဝန်ထမ်းတစ်ဦး ပိုးတွေ့တယ်ဆိုတာ ဟုတ်ပါတယ်။ လက်ရှိ ဘာရောဂါလက္ခဏာမှမရှိဘဲ ကျန်းမာရေးကောင်းမွန်နေပါတယ်။ ဝန်ကြီးချုပ်ကအစ ဝန်ကြီးတွေနဲ့ အစိုးရအဖွဲ့ စုစုပေါင်းဦးရေ (၁၅၀) လောက် စစ်ခဲ့တာမှာ အဲဒီတစ်ယောက် ပိုးတွေ့ရှိရတာပါ” ဟု မကွေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက တာချီလိတ်သတင်းအေဂျင်စီသို့  အတည်ပြုပြောကြားသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်း လုံခြုံရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးတွင် COVID-19 ပိုးတွေ့ရကြောင်း   ဒီဇင်ဘာ(၆)ရက်နေ့က တွေ့ခဲ့ရပြီးနောက် ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် အစိုးရအဖွဲ့မှ အားလုံးကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထပ်တိုးတွေ့ရသည့် အတည်ပြုလူနာမှာ အစိုးရအဖွဲ့ရုံးဝန်ထမ်းတစ်ဦးဟုသာ ဖေါ်ပြပြီး မည်သည့်တာဝန်ထမ်းဆောင်သူဖြစ်ကြောင်းကို အတည်ပြုချက်မရပါ။
ဒေသတွင်း ကူးစက်မှုဖြစ်ပွားနေသည့် မကွေးတိုင်းဒေသကြီးအတွင်း အတည်ပြုလူနာများ တိုးလာသည်နှင့်အမျှ ကျန်းမာရေးဝန်ထမ်းများတွင်လည်း ကူးစက်ခံရမှုများ ရှိလာနေရာ ဒီဇင်ဘာလ (၁၀)ရက်နေ့အထိ စာရင်းအရ တိုင်းဒေသကြီးအတွင်းမှ ကျန်းမာရေးဝန်ထမ်း (၃၄)ဦးတွင် ပိုးကူးစက်ခံထားရကြောင်း သိရသည်။
ရောဂါလက္ခဏာမပြဘဲ ကျန်းမာသူများအဖြစ် ပိုးသယ်ဆောင်သူများရှိနေ၍ ကျန်းမာရေးဝန်ထမ်းများ COVID-19 အကာအကွယ်ပစ္စည်းများကို သတ်မှတ်ထားသည့်အတိုင်း စနစ်တကျဝတ်ဆင်ကြရန်ကိုလည်း ကျန်းမာရေးဌာနတာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်နေကြောင်း သိရသည်။
ယင်းအပြင် တိုင်းဒေသကြီးအတွင်း အတည်ပြုလူနာတိုးလာသည့်မြို့နယ်များကို Stay at Home သတ်မှတ်ရန်ကိုလည်း စီစဉ်နေကြောင်း မကွေးတိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးထံမှ သိရသည်။
Tachileik News Agency
သတင်း - ဖီးနစ်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~