မိုင်းယောင်းမြို့တွင် ဒုတိယအကြိမ် Covid-19 ကာကွယ်ဆေးထိုးရာတွင် လူစုလူဝေး မဖြစ်စေရန်အတွက် သတ်မှတ်နေရာများ ခွဲထားကြောင်း ထွေအုပ် အသိပေးကြေညာ

မိုင်းယောင်းမြို့တွင် ဒုတိယအကြိမ် Covid-19 ကာကွယ်ဆေးထိုးရာတွင် လူစုလူဝေး မဖြစ်စေရန်အတွက် သတ်မှတ်နေရာများ ခွဲထားကြောင်း ထွေအုပ် အသိပေးကြေညာ
စက်တင်ဘာ 3, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်အတွင်း မိုင်းယောင်းမြို့တွင် Covid-19 ကာကွယ်ဆေးထိုးပေးမည့် (၂)ရက်တာအတွင်း လူစုလူဝေးများမဖြစ်စေရန်အတွက် နေရာများခွဲ၍ သတ်မှတ်ပေးထားကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြိုတင်အသိပေးထားကြောင်း သိရသည်။

၂၀၂၁ခုနှစ် စက်တင်ဘာလ(၄)ရက်နေ့တွင် လူဦးရေ (၃၃၀)အား နေရာပေါင်း(၄)နေရာ၌ လည်းကောင်း၊ စက်တင်ဘာလ(၅)ရက်နေ့တွင် (၃၁၄)ဦးအား နေရာပေါင်း(၄)နေရာ၌ လည်းကောင်း အသီးသီးထိုးသွားပေးမည်ဖြစ်ကြောင်း အသိပေးထားသည်။

ထိုးပေးမည့်သူများမှာ ၂၀၂၁ခုနှစ် ဩဂုတ်လ(၇)ရက်နှင့်(၈)ရက်နေ့များက ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူများအတွက်သာဖြစ်ပြီး တစ်ကြိမ်မှ မထိုးရသေးသူအတွက် မပါဝင်သေးကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်းရှိ တာချီလိတ်၊ တာလေ၊ ကျိုင်းလပ်၊ မိုင်းဖြတ်၊ မိုင်းယောင်း နှင့် မိုင်းယု မြို့များအနက် မိုင်းယောင်းမြို့တစ်ခုတည်းသာ Covid-19 အသိပညာပေးခြင်း နှင့် ယခုလို ကြိုတင်အသိပေးခြင်းများ လုပ်ဆောင်သည်ကို တွေ့ရပြီး Covid-19 ပိုးတွေ့အရေအတွက်များနှင့် ပတ်သက်၍လည်း မိုင်းယောင်း နှင့် တာလေမြို့ကသာ အများပြည်သူ သိနိုင်ရန် ထွေအုပ်မှ လူမှုကွန်ရက်(Facebook)များတွင် နေ့စဉ် ကြေညာပေးနေသည်ကိုလည်း တွေ့ရသည်။

#TachileikNewsAgency