ရှမ်းပြည်နယ်အတွင်း ကုန်တင်ယာဉ်များနှင့် ပတ်သက်၍ ပြည်နယ်အစိုးရက ပန်ကြားလွှာ ထုတ်ပြန်

ရှမ်းပြည်နယ်အတွင်း ကုန်တင်ယာဉ်များနှင့် ပတ်သက်၍ ပြည်နယ်အစိုးရက ပန်ကြားလွှာ ထုတ်ပြန်
အောက်တိုဘာ 7, 2020
By Tachileik News Agency
ရှမ်းပြည်နယ်အတွင်း ကုန်တင်ယာဉ်များနှင့် ပတ်သက်၍ ပြည်နယ်အစိုးရက ပန်ကြားလွှာ ထုတ်ပြန်
ရှမ်းပြည်နယ်အတွင်း အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝင်လာမည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ လိုက်နာဆောင်ရွက်ရမည့်အချက်များကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရက ပြည်သူသို့ပန်ကြားလွှာအဖြစ် ထုတ်ပြန်လိုက်သည်။
"ရှမ်းပြည်လူထုရဲ့ကျန်းမာရေးကလည်းအရေးကြီးသလို၊ကားသမားများရဲ့စားဝတ်နေရေးအခက်အခဲ၊ကုန်စည်စီးဆင်းမှုမပြတ်တောက်ရေး၊တောင်သူများ၊ကုန်သည်များရဲ့ကုန်စိမ်းသီးနှံများမပျက်စီးရေး၊ဈေးကွက်ရရှိရေးစတဲ့အရေးပေါင်းများစွာနဲ့ချိန်ဆပြီးလုပ်ကြရပါတယ်။ဒါကြောင့်ပြည်သူလူထုလည်းရောဂါကူးစက်မှုနည်းနိုင်သမျှနည်းအောင်ကုန်တင်ကားသမားများ၊ကုန်သည်များ၊တောင်သူများ၊အားလုံးလည်းအဆင်ပြေရအောင်ဆိုပြီးပြည်သူသို့ပန်ကြားလွှာကိုထုတ်ပြန်ပေးလိုက်ပါတယ်ခင်ဗျာ။" ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် အသိပေးထားသည်။
ရှမ်းပြည်နယ်အတွင်း ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းယာဉ်နောက်လိုက် (၁၃)ဦးတွင် COVID 19 ပိုးတွေ့ထားရသည့်အပြင် ရှမ်းပြည်နယ်တွင်းဝင်မည့် ကုန်တင်ယာဉ်များအား မန္တလေးတိုင်းဒေသကြီးတွင် စစ်ဆေးမှုအတွင်း COVID 19 တွေ့ရသူ (၂၄)ဦးတွေ့ထားရသဖြင့် ရောဂါပျံ့ပွားမှုထိန်းချုပ်နိုင်ရေး ပန်ကြားလွှာထုတ်လာခြင်းဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~