တာချီလိတ်မြို့တွင်း COVID 19 အတည်ပြုလူနာများ တွေ့ရှိလာပြီဖြစ်၍ တန်ဆောင်မုန်းလပြည့်ည လူစုလူဝေးမဖြစ်စေရန် စောင့်ကြည့် ကြပ်မတ်သွားမည်

တာချီလိတ်မြို့တွင်း COVID 19 အတည်ပြုလူနာများ တွေ့ရှိလာပြီဖြစ်၍ တန်ဆောင်မုန်းလပြည့်ည လူစုလူဝေးမဖြစ်စေရန် စောင့်ကြည့် ကြပ်မတ်သွားမည်
နိုဝင်ဘာ 25, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင်း COVID 19 အတည်ပြုလူနာများ တွေ့ရှိလာပြီဖြစ်၍ တန်ဆောင်မုန်းလပြည့်ည လူစုလူဝေးမဖြစ်စေရန် စောင့်ကြည့် ကြပ်မတ်သွားမည်
 
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် COVID 19 အတည်ပြုလူနာများတွေ့ရှိလာပြီဖြစ်၍ လူစုလူဝေးဖြင့် ကူးစက်မှုမဖြစ်စေရန် လူစည်ကားနိုင်သည့် တန်ဆောင်မုန်းလပြည့်နေ့ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်နေ့တွင် လူစုလူဝေးမဖြစ်စေရေး စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များဖြင့် စောင့်ကြည့်ကြပ်မတ်သွားမည်ဖြစ်ကြောင်း သိရသည်။
“အတွေ့အကြုံအရ အဲဒီနေ့က လူစည်ကားတတ်တယ်ဆိုတော့ လူစုလူဝေး မဖြစ်အောင် ဌာနဆိုင်ရာတွေရယ်၊ လူမှုရေး အသင်းတွေရယ်ပါတဲ့ အဖွဲ့တွေနဲ့ နေရာ (၅)နေရာခွဲပြီး လူစုလူဝေးမလုပ်ကြဖို့ ဆော်သြရှင်းလင်းတာတွေ လုပ်ပါမယ်။"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာလ (၂၅)ရက်နေ့၌ ပြောသည်။
တာချီလိတ်မြို့ ရွှေတိဂုံဘုရား၊ ရှမ်းရိုးမကွင်းရှေ့၊ ဂေါက်ကွင်းလမ်း၊ ရွှေဝါနဒီပန်းခြံနှင့် လွယ်ယွန်းခမ်းစေတီတို့တွင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပါဝင်သည့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များက လူစုလူဝေးမဖြစ်စေရေး ကြပ်မတ်ရှင်းလင်းခြင်းကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံအတွင်း COVID 19 တွေ့ရှိမှု နေ့စဉ်တိုးလာနေဆဲဖြစ်ပြီး ရောဂါကူးစက်ပျံ့ပွားသည့်ဒေသလည်း တိုးလာနေသည့်အပြင် ပိုးကူးစက်ခံထားရသူများမှာ ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံထားရသူများဖြစ်၍ လူစုလူဝေးဖြင့် ကူးစက်ခံရမှုများမရှိစေရေးအတွက် အများပြည်သူဆိုင်ရာနေရာများကို ကန့်သတ်နေခြင်းဖြစ်သည်။
  Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~